ချစ်သူဆရာဝန်ကောင်လေးနဲ့ အနေဝေးနေတာကြောင့် စနှိုက်ကြော်ကိစ္စတွေနဲ့ပတ်သက်ပြီး စိုးရိမ်မှု ရှိလားဆိုတဲ့အပေါ်ကို သူမအနေနဲ့ စိုးရိမ်ပူပန်မှုမရှိဘဲ ချစ်သူအပေါ် ဘယ်လောက်ထိ ယုံကြည်မှုရှိကြောင်းကို သရုပ်ဆောင်မေမီကိုကိုက ပြောပြလာပါတယ်။
"စနှိုက်ကြော်ကိစ္စတွေမစိုးရိမ်ဘူး။ ဘာလို့ဆိုသူ့ကိုယုံလို့။ သူလည်းနေတတ်တယ်သူကMessenger တောင်သုံးတဲ့သူမဟုတ်ဘူး။ ကိုယ့်လောက်နဲ့ပဲVideo Call ပြောတယ်။ ဘာလို့ဆိုသူ့အလုပ်နဲ့သူလည်းမအားဘူး။ ဘာညာဘာညာမရှိဘူး။ ကိုယ်လည်းတူတူပဲ။ သူယုံကြည်ရတဲ့အချိန် ယုံကြည်မှုကိုအလွဲသုံးစားမလုပ်ဘူး။ ဘာလုပ်လုပ်ချစ်သူနဲ့ တိုင်ပင်ဖြစ်တယ်။ အဓိက က ပွင့်လင်းဖို့ပဲပေါ့နော်။ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ပွင့်ပွင့်လင်းလင်းရှိတယ်။ ဒါဆိုအဆင်ပြေပြီ။ အစစအရာရာ ယုံကြည်ရအောင်လည်းနေတယ်။ ကိုယ်ကိုယ်တိုင်လည်းရှုပ်ထွေးပွေလီတာတွေမကြိုက်ဘူးပေါ့နော်။ တစ်ယောက်လမ်းပြတဲ့ဆီကို တစ်ယောက်ကလိုက်နိုင်တာမျိုးပေါ့နော်"ဆိုပြီး ချစ်သူကိုအပြည့်အဝယုံကြည်တဲ့အကြောင်းကိုပြောပြလာတာပါ။
Photo-May Mi Ko Ko FB
ချစ်သူနဲ့ စုံတွဲပုံလေးတွေကို မျှော်လင့်နေတဲ့ပရိသတ်တွေအတွက်လည်း စုံတွဲပုံတွေမတင်ဖြစ်တဲ့အကြောင်းကိုသရုပ်ဆောင်မေမီကိုကိုက အခုလိုရှင်းပြထားပါတယ်။
"စုံတွဲပုံတွေမတင်ဖြစ်ဘူးဆိုတာကလည်း ဒီကာလ နဲ့လည်းဆိုင်မယ်ထင်တယ်။ အဲဒီလိုမျိုးလည်း ကြည့်ရတာပေါ့နော်။ ဒီအတိုင်းတောင် ကျွန်တော်ကအရမ်းပြောခံရတာ ။ တင်တဲ့သူတွေကလည်းချစ်လို့တင်ကြတာပေါ့။ အားကျပါတယ်။ ကိုယ်တွေလည်း တင်ချင်တာပေါ့နော်။ နည်းနည်းလှုပ်တာနဲ့ပြောခံရတဲ့ဇာတာထဲမှာပါလားတော့မသိဘူး အဲ့ဒါကြောင့် ကိုယ့်ဟာနဲ့ကိုယ်အမုန်းမခံတော့ဘူးပေါ့နော်။ နှစ်ယောက်အတူရိုက်ထားတဲ့ပုံတွေလည်း ဒီအတိုင်းသိမ်းထားလိုက်တယ်။ မျှော်တဲ့သူတွေကလည်းမျှော်နေတယိပေါ့နော်။ ဒီအတွဲလေးကို အားပေးတယ်။ သဘောကျတယ်ပေါ့နော်။ အခြေအနေနဲ့အချိန်အခါအရ ပရိသတ်တွေမျှော်လင့်နေတဲ့နေ့ ရောက်လာမှာပေါ့နော်"ဆိုပြီးပြောပြလာပါတယ်။
Photo-May Mi Ko Ko FB
မေမီကိုကိုဟာ ကျန်းမာရေးဗဟုသုတတွေမျှဝေပေးနေတဲ့ ဒေါက်တာကျော်ဇောဟိန်းနဲ့ ချစ်သူတွေဖြစ်နေကြတာဖြစ်ပြီး ချစ်သူသက်တမ်းနှစ်နှစ်ကျော် သွားပြီဖြစ်ပါတယ်။ နှစ်ဦးစလုံးဟာ သက်ဆိုင်ရာနယ်ပယ်တွေမှ အောင်မြင်မှု ရရှိနေသူဖြစ်တဲ့အပြင် ရုပ်ရည်ချောမောသူတွေဖြစ်တာကြောင့် လိုက်ဖက်တဲ့အတွဲအဖြစ် ပရိသတ်ချစ်ခင်မှုကို ရရှိထားတဲ့ စုံတွဲလေးဖြစ်ပါတယ်။
သရုပ်ဆောင်မေမီကိုကိုက လက်ရှိမှာ အဆိုတော်ရဲရင့်အောင်နဲ့တွဲဖက်ပြီး"နှလုံးသွေးနဲ့ရေးတဲ့ပန်းချီ"ကိုရိုက်ကူးနေပါတယ်။ ဇာတ်လမ်းလေးကတော့ ဟာသနဲ့ Horror ကိုတွဲဖက်တင်ဆက်ထားတဲ့ဇာတ်လမ်းတွဲကောင်းလေးပဲဖြစ်ပါတယ်။
Photo-May Mi Ko Ko FB
သရုပ်ဆောင် မေကိုကိုကိုဟာ အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့အတူ ကျရာဇာတ်ကောင်တွေမှာ အကောင်းဆုံး၊အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့်ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုအခိုင်အမာ၊အပြည့်အဝရရှိထား သူပဲဖြစ်ပါတယ်။"ပျားရည်အိုင် "ဇာတ်လမ်းတွဲနဲ့ ပရိသတ်ရင်ထဲကို ရောက်ရှိလာတဲ့ မေမီကိုကိုက "မကြေးစည်"ဇာတ်လမ်းတွဲမှာလည်း ပရိသတ်တွေရဲ့အားပေးမှုကို ထပ်မံရရှိခဲ့တာပဲဖြစ်ပါတယ်။ သူမဟာ ပျားရည်အိုင် ဇာတ်လမ်းတွဲနဲ့ပဲ ၂၀၁၉ ခုနှစ်မှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ Star Awards ဆုပေးပွဲရဲ့ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆု (ဇာတ်လမ်းတွဲ) (Best TV Series Actress Award) ဆုကို ဆွတ်ခူးရရှိခဲ့သူပါ။