ဖရန်ကီဒီဂျောင်ကို ယူနိုက်တက်ပရိသတ်တွေမျှော်နေကြတာပါ။

ယူနိုက်တက်ကနေ ခေါ်ယူဖို့ ရေပန်းစားနေတဲ့ ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီဒီဂျောင်ရဲ့ ဒီကနေ့ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတပုံကြောင့် ယူနိုက်တက်ပရိသတ်တွေ ဟက်ကော့ကြီးဖြစ်ခဲ့ရတယ်လို့ဆိုရမှာပါ။ ယူနိုက်တက်ဟာ အဆိုပါ နယ်သာလန်ကွင်းလယ်လူကို ခေါ်ယူဖို့အတွက် ပြီးခဲ့တဲ့အပတ်တည်းက သဘောတူညီမှုရထားပြီလို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။



ယူနိုက်တက်ဟာ ဒီဂျောင်အတွက် ကနဦးပြောင်းရွှေ့ကြေး ယူရို (၆၅) သန်းအပြင် အပိုဆုကြေး ယူရိုသန်း (၂၀) အသုံးပြုရမှာဖြစ်ပြီး ကစားသမားနဲ့လည်း သဘောတူညီမှုရဖို့ မခက်ဘူးလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဒီဂျောင်တယောက် ယူနိုက်တက်ကို မလာချင်ဘူးလို့လည်း သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ဒီကစားသမားနဲ့ပတ်သက်လို့ တရားဝင်ကြေညာမယ့်နေ့ကို ယူနိုက်တက်ပရိသတ်တွေ စောင့်မျှော်နေကြတာပါ။

ယူနိုက်တက်ပရိသတ်တွေက ဒီလိုမျိုး လည်တဆန့်ဆန့်ဖြစ်နေရပေမယ့် ဒီဂျောင်ကတော့ အပူအပင်မရှိဘဲ ဒီကနေ့မှာပဲ ချစ်သူကို လက်ထပ်ခွင့်တောင်းခံခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ သူ့ရဲ့လူမှုကွန်ယက်မှာတင်ထားခဲ့တဲ့ ဓာတ်ပုံမှာ ဒီဂျောင်တယောက် ရှုခင်းကောင်း၊ လှပတဲ့နေရာမှာပဲ ချစ်သူကို ဒူးထောက်ကာ လက်ထပ်ခွင့်တောင်းခံနေခဲတာပါ။ ဒါ့အပြင် "ငါ့ရဲ့ လက်ကျန်ဘဝကို မင်းနဲ့အတူဖြတ်သန်းဖို့ မစောင့်ဆိုင်းနိုင်တော့ဘူး၊ သူ လက်ခံလိုက်ပါပြီ" လို့လည်း ရေးသားထားပါတယ်။

ယူနိုက်တက်ပရိသတ်တွေကလည်း ဒီဓာတ်ပုံနဲ့ပတ်သက်လို့ မုဒိတာပွားနေကြသလို တဖက်မှာလည်း ဒီကစားသမားကို ယူနိုက်တက်ဆီ အမြန်ဆုံးပြောင်းရွှေ့လာဖို့ တိုက်တွန်းနေကြပါသေးတယ်။ ယူနိုက်တက်နည်းပြ တန်ဟက်ခ်ဟာ အေဂျက်စ်မှာ သူအရောင်တင်ပေးပြီး ဘာစီလိုနာဆီ ရောင်းထုတ်ခဲ့တဲ့ ကစားသမားကို အမြန်ဆုံးပြန်လည်ခေါ်ယူလိုနေပြီး တပတ်အတွင်း အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ မျှော်လင့်ထားပါတယ်။ 

Share

Loading Next Article...
က္က