အရင်ကထက် ပိုလှလာတာ ချစ်သူရဲ့ လမ်းညွှန်ပေးမှု တွေ ကြောင့်ပါတဲ့။

သရုပ်ဆောင်ဆိုပေမယ့် ပြင်ပြင်ဆင်ဆင် မနေတတ်ဘဲ သဘာဝအတိုင်း နေတတ်တဲ့ မေမီကိုကိုက အခုဆိုရင် ချစ်သူရဲ့ လမ်းညွှန် ပြောပြမှုတွေကြောင့် လှလှပပပြင်ပြင် ဆင်ဆင်နေတတ်လာတဲ့ အကြောင်းတွေကိုပြောပြခဲ့ပါတယ်။ မေမီကိုကိုဟာ ကျန်းမာရေးဗဟုသုတတွေမျှဝေပေးနေတဲ့ ဒေါက်တာကျော်ဇောဟိန်းနဲ့ ချစ်သူတွေဖြစ်နေကြတာဖြစ်ပြီး ချစ်သူသက်တမ်းနှစ်နှစ်ပြည့်ပြီလည်းဖြစ်ပါတယ်။

 "ချစ်သူရှေ့မှာဆိုမေမီက ဆိုးတယ်သိလား၊ သူများတွေဆိုထင်ကြေးပေးကြတယ်။ သူမျက်နှာပြောင်နဲ့ရော သူ့ကောင်လေးက မြင်ဖူးရဲ့လားမသိဘူးဆိုပြီး၊ ချစ်သူနဲ့ Video Call ပြောတဲ့ Screenshot တွေပြရင် သူငယ်ချင်းတွေဆို ရယ်သလားမမေးနဲ့၊ သနပ်ခါးကိုထူနေအောင်လိမ်းတာ၊ ကိုယ်နေတတ်သလိုနေတာ။ သူ့အနေနဲ့ကကျတော့ မေမီ့ကိုလက်ခံတယ်။ ဒါပေမယ့် ပရိသတ်အတွက်ကြတော့ သူကပြောတယ်။ ပြင်ပြင်ဆင်ဆင်နေရမယ်ပေါ့။ ဘယ်လိုနေရမယ်၊ ဘယ်လိုလေးတော့လုပ်နော်။ ပြောင်းလဲလာတာ သူ့ကြောင့်လည်းအများကြီးပါတယ်။ သူကနာအောင်လည်းပြောပြတတ်တယ်၊ ကိုယ်က ဘာအလုပ်လုပ်နေတာလဲဆိုတာမျိုးကိုခိုင်းနှိုင်းပြီးပြောပြတော့ မေမီ့လည်းပြောင်းလဲလိုက်တယ်"ဆိုပြီး ချစ်သူရဲ့ တိုက်တွန်းစကားလေးတွေနဲ့ ပြောင်းလဲတတ်လာတဲ့ အကြောင်းကို မေမီက ပြောပြပါတယ်။ 


Photo-May Mi Ko Ko FB

လက်ရှိမှာသရုပ်ဆောင်မေမီကိုကိုကကြောငြာတွေနဲ့ ဇာတ်လမ်းတိုတွေရိုက်ကူးနေတာလည်းဖြစ်ပါတယ်။မေမီကိုကိုကတော့ အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့အတူ ကျရာဇာတ်ကောင်တွေမှာ အကောင်းဆုံး၊အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့်ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုအခိုင်အမာ၊အပြည့်အဝရရှိထား သူပဲဖြစ်ပါတယ်။

"ပျားရည်အိုင် "ဇာတ်ကားကနေ ပရိသတ်ရင်ထဲကို ရောက်ရှိလာတဲ့ မေမီကိုကိုကတော့ "မကြေးစည်"ဇာတ်လမ်းတွဲမှာလည်း ပရိသတ်တွေရဲ့အားပေးမှုကို ထပ်မံရရှိခဲ့တာပဲဖြစ်ပါတယ်။

Share

က္က