ပေါင်ငါးသောင်းအထိ အကုန်အကျခံကာ လက်ဆောင်ပေးခဲ့တာပါ။

ယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒိုကတော့ သူနဲ့အတူနေချစ်သူ ဂျော်ဂျီနာရဲ့ မွေးနေ့ကို အများနဲ့မတူ တမူထူးခြားအောင် ဖန်တီးပြီး လက်ဆောင်ပေးလိုက်ပါတယ်။ အသက် ၂၈ နှစ်ပြည့်သွားပြီဖြစ်တဲ့ အာဂျင်တီးနားနွယ်ဖွားမော်ဒယ်အတွက် ရော်နယ်ဒိုက ဒူဘိုင်းက ကမ္ဘာ့အမြင့်ဆုံး Burj Khalifa မှာ သူမရဲ့ ပုံတူကို မီးရောင်စုံနဲ့ ပုံဖော်ပြီး လှပဆန်းကြယ်တဲ့လက်ဆောင်အဖြစ် ဖန်တီးခဲ့တာဖြစ်ပါတယ်။ 

ရော်နယ်ဒိုနဲ့ ဂျော်ဂျီနာတို့ဟာ နှစ်အတန်ကြာလက်တွဲနေသူတွေဖြစ်ပြီး နှစ်ဦးသားကလေးတွေပါ ယူထားသူတွေဖြစ်ပါတယ်။ ရော်နယ်ဒိုက အဆိုပါပုံတူနဲ့အတူ ပျော်ရွှင်စရာမွေးနေ့ပါလို့ ရေးသားထားတဲ့ စာကိုပါထည့်သွင်းခဲ့ပြီး အဆောက်အဦရဲ့ အရှေ့ဘက်မျက်နှာပြင်ကို ဗီဒီယိုရိုက်ကူးပြီး သူ့ရဲ့အင်စတာဂရမ်မှာ ဖော်ပြထားခဲ့တာဖြစ်ပါတယ်။ 

အဲဒီနောက် သူတို့စုံတွဲနဲ့ ကလေးတွေ အဆိုပါအဆောက်အဦရှေ့မှာ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြပြီး လှပတဲ့ညတညကို ဖြတ်သန်းခဲ့ကြပါတယ်။ ဒူဘိုင်းက ဒီအဆောက်အဦဟာ နာမည်ကျော်သူဌေးတွေဇိမ်ခံဖို့ လာရောက်လေ့ရှိတဲ့နေရာတခုဖြစ်ပြီး အလှဆင်မီးသီးပေါင်း သန်းနဲ့ချီကာ အသုံးပြုထားပြီး အခုလိုမျိုး မျက်နှာအလှဆင်ပုံဖော်ဖို့အတွက် အနည်းဆုံးပေါင်ငါးသောင်းခန့် ကုန်ကျမယ်လို့ သိရပါတယ်။ 


သန်းကြွယ်သူဌေးဖြစ်တဲ့ ရော်နယ်ဒိုအတွက် ဒီပမာဏက မှုလောက်စရာမဟုတ်ဘဲ ချစ်သူအတွက်တော့ အကောင်းဆုံးလက်ဆောင်ကို ဆန်းကြယ်တဲ့စိတ်ကူးနဲ့ ဖန်တီးပေးသွားခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ဆောင်းရာသီအားလပ်ရက်မှာ ဒူဘိုင်းကို ရော်နယ်ဒိုက သွားခဲ့တာဖြစ်ပြီး မိသားစုလည်းလိုက်ပါခဲ့ကာ ဂျော်ဂျီနာရဲ့မွေးနေ့ကိုလည်း ကမ်းခြေမှာ ဆင်နွှဲခဲ့သေးတယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။ 

Share

Loading Next Article...
က္က