၁၄ရက်နေ့မှာ ရိုမန့်တစ်ဆန်ဆန်နဲ့ အနားယူနိုင်မယ့် နေရာတွေက ဒီနေရာတွေပါပဲ။

လာမယ့်ချစ်သူများနေ့မှာ ချစ်သူနဲ့အတူတူ အေးအေးဆေးဆေး အချိန်ကုန်ဆုံးချင်တဲ့ စုံတွဲတွေအတွက် ရန်ကုန်မြို့တွင်းက ဒိတ်လို့ကောင်းတဲ့ နေရာတွေကို ပြောပြပေးလိုက်ပါတယ်။ ကော်ဖီ၊ ဝိုင်နဲ့ အစားသောက်ကောင်းတွေနဲ့အတူ ၁၄ရက်နေ့မှာ ရိုမန့်တစ်ဆန်ဆန်နဲ့ အနားယူနိုင်မယ့် နေရာတွေက ဒီနေရာတွေပါပဲ။ 


Babett Yangon (Hotel G) 



လူငယ်ဆန်ဆန် အပြင်အဆင်တွေနဲ့ ပေါ့ပေါ့ပါးပါးဒိတ်ချင်တဲ့ ချစ်သူစုံတွဲတွေအတွက် ရွေးချယ်သင့်တဲ့ ဆိုင်လေးပါပဲ။ ပင်လယ်စာ စပါကတီ၊ အမဲသားစတိခ်နဲ့ ဝိုင်ကောင်းကောင်းရသလို ကော်ဖီအမျိုးအစားလည်း စုံပါတယ်၊ ရန်ကုန်မြို့ရဲ့ မြို့လယ်ခေါင် Hotel G မှာ ရှိတဲ့အတွက် သွားလာရလွယ်ပြီး ချစ်သူနဲ့အတူတူ ညစာစားရင်း အမှတ်တရအချိန်လေးတွေ ဖြတ်သန်းလို့ကောင်းတာပေါ့။ လိပ်စာကတော့ အမှတ်(၅)၊ အလံပြဘုရားလမ်းပေါ်၊ ယောမင်းကြီးလမ်းထိပ်၊ သမ္မတရုပ်ရှင်ရုံအနီးမှာပဲဖြစ်ပါတယ်။


Luckee Cat (Areca Hotel Yangon အရ်ရီကာဟိုတယ်) 



ခေါက်ဆွဲဟင်းလျာအများအပြားနဲ့ ရိုးရာအစားအစာတွေ၊ အရသာရှိတဲ့ အချိုပွဲတွေနဲ့ ဘူဖေး၊ A La Carte Menu တွေကြောင့် Luckee Cat က လူကြိုက်များလှပါတယ်။ ဒါ့အပြင် Staycation နေမယ်ဆိုရင်လည်း အခန်းကျယ်ဝန်းပြီး ညနေခင်းဆည်းဆာအလှလည်း ကြည့်ရှုနိုင်ပါသေးတယ်။ တိတ်ဆိတ်ငြိမ်းချမ်းတဲ့ အနားယူစရာနေရာ ရှာနေရင်တော့ အမှတ်(၅၇၁)၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ Areca Hotel Yangon အရ်ရီကာဟိုတယ်ကို ရွေးချယ်လိုက်ပါ။


Roof Alchemy (Sayarsan Hotel Yangon) 



အရသာစုံတဲ့ ကော့တေးမျိုးစုံနဲ့ အကင်တွေစားရင်း လူငယ်ရသကို အပြည့်အဝ ခံစားချင်ရင်တော့ Roof Alchemy Bar ကို ရွေးသင့်ပါတယ်။ အမြဲမပြတ်လူစည်ကားနေတဲ့ ဆရာစံလမ်းမပေါ်မှာရှိပြီး ဘေးပတ်လည်မှာ လူငယ်တွေအကြိုက် Bar နဲ့ စားသောက်ဆိုင်တွေရှိနေတာဆိုတော့ ချစ်သူများနေ့မှာ ရွေးသင့်တဲ့ နေရာတစ်ခုပါပဲ။ လိပ်စာကတော့ အမှတ်(၄၂)၊ ဆရာစံလမ်း၊ ဗဟန်းမြို့နယ်မှာတည်ရှိပါတယ်။


Sci-Fi Rooftop Bar (Hotel Stadium)



နှစ်ယောက်တည်းပဲ အေးဆေး Chillချင်တဲ့ ချစ်သူတွေအတွက်ကတော့ အမိုက်စား Neo Lighting နဲ့ တရုတ်ရိုးရာပုံစံအပြင်အဆင်တွေပေါင်းစပ်ထားတဲ့ Sci-Fi Rooftop Bar ရှိပါတယ်။ ဓာတ်ပုံလှလှရိုက်ဖို့လည်း အဆင်ပြေသလို ဘိလိယက်ခုံလည်း ရှိပြီး ဖော်ရွေတဲ့ ဝန်ဆောင်မှုတွေကြောင့် နာမည်ကျော်လို့ ချစ်သူစုံတွဲတွေအတွက် အဆင်ပြေဆုံးဖြစ်မှာပါ။ 

လိပ်စာကတော့ အမှတ်(၃၆၉)၊ လေးထောင့်ကန်လမ်း၊ သင်္ဃန်းကျွန်းမြို့နယ်မှာတည်ရှိပါတယ်။


The Newsroom Restaurant (Yangon Excelsior) 



ချစ်သူနဲ့ Luxury ဆန်ဆန်Fine dinning ညစာပွဲ ဆင်နွှဲချင်ရင်တော့ The Newsroom Restaurant ကို ရွေးချယ်ရမှာပါ။ တည်နေရာကတော့ Yangon Excelsior ဟိုတယ်မှာရှိပြီး ကိုလိုနီပုံစံအပြင်အဆင်တွေနဲ့ နာမည်ကြီး ဟယ်ရီပေါ်တာဇာတ်ကားထဲရောက်သွားသလိုခံစားရမယ့် မှော်ဆန်ဆန်ဟိုတယ်ဖြစ်ပါတယ်။ လိပ်စာကတော့ အမှတ်(၁၉-၄၃)၊ ဗိုလ်ဆွန်ပက်လမ်းအောက်ဘလောက်၊ ပန်းဘဲတန်းမြို့နယ်မှာ ရှိပါတယ်။


Freesia Rooftop Bar (Hotel Vivid Yangon) 



ပိတ်ရက်တိုင်း Music Band ရှိပြီး စိတ်လွတ်လက်လွတ် ကခုန်ဖို့အတွက် Freesia Rooftop Bar က စောင့်ကြိုနေပါတယ်။ ဟိုတယ်အပေါ်ထပ်မှာ လေတဖြူးဖြူးနဲ့ unplugged လေးနားထောင်ရင်း ချစ်သူများနေ့ကို ဖြတ်သန်းဖို့ကောင်းတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ လိပ်စာကတော့ အမှတ် (၁၆၄)၊ အနောက်ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်မှာ တည်ရှိပါတယ်။ 


ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က