နှင်းငွေ့ဝေတဲ့ ဖေဖော်ဝါရီရဲ့ မနက်ခင်းတွေဟာ ချစ်ခြင်းမေတ္တာရဲ့ နွေးထွေးမှုကို ပိုတောင့်တစေပါတယ်။ နေ့တိုင်းဖြတ်သန်းနေရတဲ့ ရိုးအီနေကျ မြို့ပြရဲ့ မီးခိုးငွေ့တွေကြားကနေ ကိုယ့်ရဲ့အချစ်ရဆုံးသူနဲ့အတူ ကမ္ဘာမြေရဲ့ တစ်နေရာရာမှာ နှစ်ကိုယ်တူ အချိန်ကုန်ဆုံးသွားချင်မိတဲ့ စိတ်ကူးမျိုး ရှိဖူးပြီလား။
ဒီတစ်နှစ်ရဲ့ ချစ်သူများနေ့မှာတော့ အချိန်တွေ ခေတ္တရပ်တန့်သွားစေမယ့် အမှတ်တရတွေကို ရင်ခုန်သံနဲ့အတူ စီးဆင်းစေမယ့် အိပ်မက်ဆန်ဆန် ခရီးစဉ် (၇) ခုကို ညွှန်းဆိုပေးပါရစေ။
ဆိုးလ်မြို့ (Seoul) – နှင်းမှုန်ကြားက နွေးထွေးတဲ့ ချစ်စကား
ဆောင်းအကုန် နွေအကူးရဲ့ ဆိုးလ်မြို့ဟာ ကဗျာဆန်လွန်းပါတယ်။ ရှေးဟောင်း ရိုးရာအိမ်ခြေလေးတွေရှိတဲ့ ကျေးရွာလေးထဲမှာ လက်ချင်းတွဲပြီး နှင်းတွေကြား လမ်းလျှောက်ရတာဟာ ကိုရီးယားဇာတ်လမ်းတွဲထဲက ဇာတ်ဝင်ခန်းတစ်ခုလိုပါပဲ။ ညမှောင်တဲ့အခါမှာတော့ လူရှင်းတဲ့ ဆိုင်လေးတစ်ဆိုင်ရဲ့ အလင်းဖျော့ဖျော့အောက်မှာ ဝိုင်တစ်ခွက်နဲ့အတူ နှစ်ကိုယ်တူ ကမ္ဘာလေးကို တည်ဆောက်နိုင်ပါတယ်။
Bukchon Hanok Village မှာ ကိုရီးယားရိုးရာဝတ်စုံ (Hanbok) လေးတွေဆင်တူဝတ်ပြီး ဓာတ်ပုံရိုက်ရတာက အရမ်းရိုမန့်တစ်ဆန်ပါတယ်။
Namsan Tower ပေါ်တက်ပြီး အချစ်သော့ခလောက် (Love Locks) လေးတွေ အတူတူချိတ်ပြီး ဆုတောင်းလို့ရပါတယ်။
ညဘက်မှာတော့ Han River ဘေးမှာ စောင်လေးခြုံ၊ ခေါက်ဆွဲပူပူလေးအတူစားရင်း မြို့ပြအလှကို ငေးမောနိုင်ပါတယ်။
"ကိုရီးယားအနုပညာ (K-Pop, K-Drama) နဲ့ မြို့ပြရဲ့ အလှအပကို ခံစားရင်း ဈေးဝယ်ထွက်တာကို ဝါသနာပါသူတွေအတွက် တောင်ကိုရီးယားက အထူးသင့်တော်တဲ့ ရွေးချယ်မှုပါ၊ ရိုမန့်တစ်ဆန်ဆန် ညစာနဲ့ စိတ်ကြည်နူးဖွယ်ရာ အလှအပတွေ ပြည့်လျှံတဲ့ ခရီးစဉ်မျိုးကို မျှော်လင့်နေရင်တော ဆိုးလ်ကိုပဲ ရွေးရမှာပါ" လို့ Flymya ရဲ့ ခရီးသွားအတိုင်ပင်ခံ ကိုမင်းဆက်ပိုင်က ဆိုပါတယ်။
အာရှရဲ့ အလှဆုံး ကိုရီးယားခရီးစဉ်တွေအတွက် Flymya ရဲ့ စုံလင်လှတဲ့ Tour Package တွေကို အခုပဲ ကြည့်ရှုလိုက်ပါ။
ပဲရစ်မြို့ (Paris) – နှလုံးသားတွေ ဆုံစည်းရာ အချစ်ရဲ့ ပင်မမြို့တော်
ပဲရစ်လို့ ပြောလိုက်တာနဲ့ အချစ်ရဲ့ အငွေ့အသက်တွေက လေထုထဲမှာတင် ပျံ့လွင့်နေသလို ခံစားရမှာပါ။ အီဖယ်တာဝါရဲ့ မီးရောင်အောက်မှာ ဖြစ်ဖြစ်၊ စိန်းမြစ်ကမ်းဘေးက တိတ်ဆိတ်တဲ့ ကမ်းခြေလေးမှာဖြစ်ဖြစ် ချစ်သူရဲ့ မျက်ဝန်းတွေကို ငေးကြည့်ရင်း အကောင်းဆုံး ပြင်သစ်အစားအစာတွေကို မြည်းစမ်းရတာဟာ ဘဝမှာ ရခဲလှတဲ့ ဇိမ်ခံမှုတစ်ခုပါပဲ။
Seine River ထဲမှာ ညစာစားရင်း လှေစီး (Dinner Cruise) တာဟာ ပဲရစ်ရဲ့ အလှဆုံး အခိုက်အတန့်ပါပဲ။
Montmartre ကုန်းမြင့်ပေါ်ကနေ ပဲရစ်တစ်မြို့လုံးရဲ့ နေဝင်ချိန်အလှကို အတူတူကြည့်ရှုနိုင်ပါတယ်။
Louvre Museum မှာ ကမ္ဘာကျော်အနုပညာလက်ရာတွေကို လက်ချင်းတွဲပြီး လေ့လာရင်း အချိန်ကုန်ဆုံးနိုင်ပါတယ်။
ဥရောပယဉ်ကျေးမှု၊ အနုပညာနဲ့ ကမ္ဘာကျော် စားသောက်ဖွယ်ရာတွေကို နှစ်သက်တဲ့ စုံတွဲတွေအတွက် ပဲရစ်ဟာ ခေတ်အဆက်ဆက် မရိုးနိုင်တဲ့ အချစ်မြို့တော်အဖြစ် ရှိနေမှာပါ" လို့ ကိုမင်းဆက်ပိုင်က မှတ်ချက်ပေးပါတယ်။
ဥရောပခရီးစဉ်အတွက် အကောင်းဆုံး Tour Package တွေကို Flymya မှာ စိတ်ကြိုက်ရွေးချယ်လိုက်ပါ။
လန်ဒန်မြို့ (London) – ခန့်ညားထည်ဝါမှုတွေကြားက ရိုမန့်တစ်ဆန်တဲ့ ညများ
ရှေးဟောင်းအဆောက်အဦတွေနဲ့ ခေတ်မီဆန်းသစ်မှုတွေ ရောယှက်နေတဲ့ လန်ဒန်ဟာ ခန့်ညားတဲ့ အချစ်ဇာတ်လမ်းတွေကို ပိုင်ဆိုင်ချင်သူတွေအတွက်ပါ။ နာမည်ကြီးပြဇာတ်တစ်ခုကို အတူကြည့်ရှုပြီး မြို့ပြရဲ့ အလှအပကို ငေးမောရင်း အဆင့်မြင့်စားသောက်ဆိုင်တစ်ခုမှာ ညစာစားရတာဟာ ချစ်သူများနေ့ကို ပိုပြီး ထည်ဝါစေမှာ အမှန်ပါ။
London Eye ပြတင်းပေါက်ကနေ လန်ဒန်မြို့အလှကို အမြင့်ကနေ ငေးကြည့်နိုင်ပါတယ်။
West End မှာ ကမ္ဘာကျော် 'The Phantom of the Opera' လို ပြဇာတ်မျိုးကို အတူတူကြည့်ရှုတာက တကယ့်ကို အဆင့်အတန်းမြင့်တဲ့ အတွေ့အကြုံပါ။
Thames River ဘေးက လမ်းကလေးတွေအတိုင်း လမ်းလျှောက်ရင်း ရှေးဟောင်းအဆောက်အဦတွေရဲ့ အလှကို ခံစားနိုင်ပါတယ်။
"ခေတ်မီပြီး အဆင့်အတန်းမြင့်တဲ့ မြို့ပြခရီးစဉ်မျိုးကို လိုချင်ရင်တော့ လန်ဒန်က အသင့်တော်ဆုံးပါပဲ။ ခန့်ညားတဲ့ နန်းတော်တွေနဲ့ ကမ္ဘာ့အဆင့်မီ ဖျော်ဖြေပွဲတွေက ဗယ်လင်တိုင်းခရီးစဉ်ကို ပိုပြီးပြည့်စုံစေမှာပါ" လို့ သူက ထပ်လောင်းပြောကြားပါတယ်။
လူကြီးမင်းတို့ရဲ့ လန်ဒန်အိပ်မက်ခရီးစဉ်တွေကို အကောင်အထည်ဖော်ဖို့ Flymya ရှိနေပါတယ်။
ထိုင်းနိုင်ငံ (Thailand) – အပူပိုင်းဒေသရဲ့ အကြင်နာ ကမ်းခြေများ
နေရောင်ခြည်နွေးနွေး၊ သဲသောင်ဖြူဖြူနဲ့ ကြည်လင်တဲ့ ပင်လယ်ပြာ၊ ဒါတွေဟာ ချစ်သူတွေကို ထိုင်းနိုင်ငံက ပေးစွမ်းမယ့် လက်ဆောင်တွေပါ။ ထိုင်းလူမျိုးတွေရဲ့ နွေးထွေးပျူငှာတဲ့ ဝန်ဆောင်မှုအောက်မှာ ကိုယ်ရော စိတ်ပါ အပြည့်အဝ အပန်းဖြေရင်း ချစ်သူရဲ့လက်ကို ဆုပ်ကိုင်ရင်း အချိန်တွေကို ခဏရပ်တန့်ထားလိုက်ပါ။
Krabi ကမ်းခြေမှာ နှစ်ကိုယ်တူ သီးသန့်ညစာစားရင်း ပင်လယ်လေကို ခံစားနိုင်ပါတယ်။
Phi Phi ကျွန်းကို လှေစီးသွားပြီး ကြည်လင်တဲ့ ရေပြာပြာထဲမှာ Snorkeling အတူတူလုပ်လို့ရပါတယ်။
ညဘက်မှာတော့ ကမ်းခြေဘေးက မီးရှူးမီးပန်း အလှပြပွဲတွေကို ကြည့်ရင်း စိတ်ကူးယဉ်ဆန်တဲ့ အချိန်ကောင်းတွေ ဖန်တီးနိုင်ပါတယ်။
ကိုမင်းဆက်ပိုင် ပြောစကားကတော့ "အရှေ့တောင်အာရှဒေသတွင်းမှာ မြန်မာနိုင်ငံနဲ့ အနီးဆုံးဖြစ်တဲ့အပြင် ယဉ်ကျေးမှုနဲ့ အစားအသောက်လည်း သိပ်မကွာခြားလို့ ဈေးဝယ်ထွက်တာ၊ ကမ်းခြေအပန်းဖြေတာနဲ့ ဒေသစာတွေကို မြည်းစမ်းကြည့်ဖို့အတွက် ထိုင်းနိုင်ငံက မြန်မာခရီးသွားတွေအတွက် အမြဲတမ်း ရေပန်းအစားဆုံးနေရာ ဖြစ်နေမှာပါ" တဲ့။
ထိုင်းနိုင်ငံရဲ့ ကမ်းခြေအပန်းဖြေ Tour တွေကို ဈေးနှုန်းအသက်သာဆုံးနဲ့ ရနိုင်မယ့် Flymya
စင်ကာပူ (Singapore) – မီးရောင်စုံ မြို့ပြရဲ့ ကြယ်စင်ညများ
ခေတ်မီဆန်းသစ်တဲ့ မြင်ကွင်းတွေနဲ့ မြို့ပြရဲ့ အလှအပကို နှစ်သက်တဲ့ ချစ်သူစုံတွဲတွေအတွက် စင်ကာပူဟာ စိတ်ကူးယဉ် ကမ္ဘာလေးတစ်ခုပါ။ မိုးမျှော်တိုက်တွေပေါ်ကနေ မြို့ပြရဲ့ မီးအလင်းရောင်တွေကို ငေးကြည့်ရင်း မြို့ပြဇိမ်ခံမှုတွေကြားမှာ ပျော်ဝင်နေရတာဟာ တက်ကြွလှပတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်လိုပါပဲ။
Gardens by the Bay မှာရှိတဲ့ Supertree Grove ရဲ့ မီးရောင်စုံပြပွဲကို အတူတူကြည့်ရှုနိုင်ပါတယ်။
Marina Bay Sands ရဲ့ အပေါ်ဆုံးထပ်ကနေ စင်ကာပူညအလှကို ငေးကြည့်ရင်း Cocktail သောက်လို့ရသလို
Sentosa ကျွန်းမှာ ချစ်သူနှစ်ဦးအတူတူ ပျော်စရာ Activities တွေကို စုံစုံလင်လင် လုပ်ဆောင်နိုင်ပါတယ်။
"မြို့ပြရဲ့ ခေတ်မီဆန်းပြားမှုနဲ့ ဇိမ်ခံဈေးဝယ်စင်တာတွေကို ကြိုက်နှစ်သက်သူတွေအတွက် စင်ကာပူက စိတ်လှုပ်ရှားစရာ အတွေ့အကြုံသစ်တွေကို ပေးစွမ်းနိုင်မှာပါ၊ ကမ္ဘာ့အဆင့်မီ Marina Bay Sands မှာ အပန်းဖြေရင်း အဖိုးတန်အချိန်တွေကို အတူတူကုန်ဆုံးရတဲ့အမှတ်တရကို တစ်သက်မေ့နိုင်မှာ မဟုတ်ပါဘူး" လို့ ကိုမင်းဆက်ပိုင်က မှတ်ချက်ပေးထားပါတယ်။
မိသားစုနဲ့ပဲဖြစ်ဖြစ်၊ ချစ်သူနဲ့ပဲဖြစ်ဖြစ် စင်ကာပူသွားဖို့အတွက် Flymya ရဲ့ ခရီးစဉ်တွေကို အခုပဲ စုံစမ်းလိုက်ပါ။
ဘာလီ (Bali) – စိတ်ဝိညာဉ်ချင်း ထိတွေ့စေမယ့် တိတ်ဆိတ်တဲ့အလှ
သဘာဝတောတောင်တွေနဲ့ စိမ်းလန်းတဲ့ လယ်ကွင်းပြင်တွေကြားက ဘာလီဟာ ချစ်သူနှစ်ဦးရဲ့ စိတ်ဝိညာဉ်ကို အသစ်တဖန် ပြန်နုပျိုစေမှာပါ။ Spa ဝင်ရင်း အပန်းဖြေမလား၊ သဘာဝတရားထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေမလား၊ အရာအားလုံးက ချစ်သူနှစ်ဦးကြားက သံယောဇဉ်ကို ပိုခိုင်မြဲစေဖို့ ဖန်တီးပေးနေသလိုပါပဲ။
Ubud ရဲ့ စိမ်းလန်းတဲ့ လယ်ကွင်းပြင်တွေ (Rice Terraces) ထဲမှာ လမ်းလျှောက်ရင်း သဘာဝအလှကို ခံစားနိုင်ပါတယ်။
Flower Bath ပါတဲ့ နာမည်ကြီး Bali Spa တွေမှာ နှစ်ကိုယ်တူ အပန်းဖြေမလား။
Uluwatu Temple မှာ နေဝင်ချိန်အလှကို ကြည့်ရင်း ရိုးရာကခုန်မှုတွေကို အတူကြည့်ရှုမလား အဆင်ပြေစေမှာပါ။
ကိုမင်းဆက်ပိုင်ရဲံ့ အကြံပေးစကား - "ဟန်းနီးမွန်းထွက်ဖို့နဲ့ သဘာဝတရားထဲမှာ စိတ်အေးအေးချမ်းချမ်းနဲ့ အပန်းဖြေဖို့အတွက် ဘာလီကျွန်းဟာ အမြဲတမ်း လူကြိုက်များတဲ့ နေရာတစ်ခုအဖြစ် တည်ရှိနေမှာပါ၊ ကျွန်းတွေပေါ်မှာ သဘာဝအတိုင်း အနားယူနိုင်သလို နေရောင်ခြည်နဲ့လေပြည်တွေကလည်း ဆိတ်ငြိမ်မှုကို ပေးစွမ်းနိုင်ပါတယ်"
စိတ်အပန်းဖြေဖို့ အကောင်းဆုံး ဘာလီ Tour Package တွေကို Flymya မှာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။
ဂျပန် (Japan) – ရေပူစမ်းထက်က အချစ်ပန်းချီကားတစ်ချပ်
အေးစက်တဲ့ ဆောင်းလေညင်းတွေကြားမှာ နွေးထွေးတဲ့ ရေပူစမ်း (Onsen) လေးထဲ စိမ်ရင်း၊ အပြင်က နှင်းစက်လေးတွေကို ငေးကြည့်ရတာဟာ ဘယ်အရာနဲ့မှ မလဲနိုင်တဲ့ သုခတစ်ခုပါ။ ဂျပန်နိုင်ငံရဲ့ အေးချမ်းတဲ့ အလှတရားတွေက နှစ်ဦးသားရဲ့ အချစ်ကို ပိုနက်ရှိုင်းပြီး အဓိပ္ပာယ်ရှိစေမှာပါ။
Hakone မှာရှိတဲ့ ရိုးရာဟိုတယ် (Ryokan) လေးတွေမှာ သီးသန့်ရေပူစမ်း (Private Onsen) စိမ်ရင်း နှင်းတွေကို ငေးကြည့်နိုင်ပါတယ်။ Kyoto က ဝါးတောထဲမှာ လမ်းလျှောက်မလား Hokkaido ရဲ့ နှင်းပွဲတော်တွေကို ကြည့်မလား အားလုံးက ပန်းချီကားတစ်ချပ်လို လှပနေမှာပါ။
ကိုမင်းဆက်ပိုင်ရဲ့ မှတ်ချက် "ရှေးဟောင်းယဉ်ကျေးမှုရဲ့ အလှတရားနဲ့ အေးချမ်းတဲ့ သဘာဝပတ်ဝန်းကျင်ကို ဝါသနာပါသူတွေအတွက် ဂျပန်နဲ့ တောင်ကိုရီးယားက အထူးသင့်တော်တဲ့ နေရာတွေပါ၊ ဆောင်းနှင်းဖွေးဖွေးတွေကြားမှာ ရာမန်စားရင်း နှင်းကျတာကို ထိုင်ကြည့်နေရတာကိုက အတူရှိနေခြင်းကို လုံလောက်နေပါပြီ"
ဂျပန်နိုင်ငံရဲ့ အိပ်မက်ဆန်ဆန် ခရီးစဉ်တွေအတွက် Flymya ရဲ့ အတွေ့အကြုံရင့် Tour ဝန်ဆောင်မှုတွေကို ယုံကြည်စိတ်ချစွာ ရွေးချယ်လိုက်ပါ။
နိဂုံး - နှလုံးသားချင်း ပြန်လည်ဆုံစည်းခြင်း
တကယ်တော့ ခရီးသွားတယ်ဆိုတာ မြင်ကွင်းအသစ်တွေကို ကြည့်ဖို့သက်သက်တင် မဟုတ်ပါဘူး။ နေ့စဉ်ဘဝရဲ့ အလုပ်ရှုပ်မှုတွေ၊ ဖုန်းမျက်နှာပြင်တွေရဲ့ နောက်ကွယ်မှာ ခေတ္တမေ့လျော့နေတဲ့ အချစ်ရဲ့ အဓိပ္ပာယ်ကို ပြန်လည်ရှာဖွေဖို့ပါ။
ဒီခရီးစဉ်တွေက ချစ်သူတွေကို လောကကြီးရဲ့ အနှောင့်အယှက်တွေကနေ ကင်းဝေးစေပြီး အနားမှာရှိနေသူရဲ့ မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း မမေ့နိုင်တဲ့ အမှတ်တရတွေကို ရင်ဘတ်ထဲမှာ ထာဝရ သိမ်းဆည်းထားနိုင်ဖို့ အခွင့်အရေး ပေးပါလိမ့်မယ်။
ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။