သရုပ်ဆောင်မေပန်းချီက မကြာခင်အချိန်အတွင်းမှာ ချစ်သူနဲ့ ရွှေလက်တွဲတော့မှာဖြစ်ပြီး မိသားစုအပေါ်နဲ့သူမအပေါ်မှာ တာဝန်ကျေလွန်းတဲ့ ချစ်သူတစ်ယောက်ဖြစ်တာကြောင့် လက်ထပ်ဖို့အထိ ရည်ရွယ်ဖြစ်တဲ့အကြောင်းကိုပြောပြလာပါတယ်။
"လက်တွဲထားတဲ့သူကသာမာန်လူဖြစ်တယ်။ သူဌေးလည်းမဟုတ်၊ သာမန်ဝန်ထမ်းတစ်ယောက်၊ ဒါပေမယ့်လုံးဝဇီးရိုးဖြစ်နေတဲ့အချိန်မှာ
ကိုယ့်အနားမှာ သူတစ်ယောက်ပဲ ကျန်ခဲ့တာ။ မိတ်ဆွေကနေမှ ချစ်သူဖြစ်တာပေါ့နော်။ ကိုဗစ်ဖြစ်တဲ့အချိန်မှာ သူက ကိုဗစ်အကူးခံပြီးတော့ကို ပန်းချီတို့တစ်မိသားစုလုံးကို စောင့်ရှောက်ပြီးပေးခဲ့တာ။ အမေခေါင်းချသွားတဲ့အထိပေါ့နော်။ အောက်ဆီဂျင်အိုးတွေဆိုလည်း ကိုယ်မသယ်နိုင်ခဲ့ဘူး။ မလုပ်နိုင်ခဲ့ဘူး။ တစ်လခွဲလောက်ကိုအမေ့ကို အညစ်အကြေးတွေကအစ အကုန်လုံးတစ်အိမ်လုံး အိပ်ယာထဲလဲနေတဲ့အချိန် သူတစ်ယောက်ပဲ ထမ်းပေးခဲ့တာပေါ့နော်။ အမေကလည်း သူ့ရဲ့မေတ္တာတွေကိုမျက်ဝါးထင်ထင်မြင်ခဲ့ပြီးမှ ခေါင်းချသွားတာဖြစ်တဲ့အတွက် အစ်ကိုအရင်းတစ်ယောက်လိုယုံကြည်တယ်။
အဲဒီအတွက် လေးလည်းလေးစားတယ်။ တန်ဖိုးလည်းထားတယ်။ "ဆိုပြီး သူမရဲ့မိသားစုအပေါ် အနစ်နာခံခဲ့တဲ့ ချစ်သူအကြောင်းကိုပြောပြလာပါတယ်။
Photo- May Panche FB
သူမအသက်က ၃၂နှစ်ရှိပြီဖြစ်တာကြောင့် အိမ်ထောင်ပြုရမယ့် အရွယ်တစ်ခုရောက်လာတာကြောင့်လည်း အခုလိုဆုံးဖြတ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
"ပန်းချီလည်း အသက်၃၂နှစ်ရှိပြီဆိုတော့လေ
အိမ်ထောင်ပြုရမယ့်အရွယ်လည်းဖြစ်နေပြီဆိုတော့ သိပ်မကြာတော့ဘူးလို့တော့ ထင်တာပဲ။ လုပ်ငန်းရှင်တွေကကျတော့လည်း နှမြောတာပေါ့နော်။ တစ်နှစ်လောက်လုပ်လိုက်ပါဦး၊ နှစ်နှစ်လောက်လုပ်လိုက်ပါဦး၊ ဒါပေမယ့် ပန်းချီတို့ဘယ်တော့ဖြစ်သွားမလဲတော့မသိဘူး။ အိမ်ထောင်ပြုပြီ သားသမီးတွေယူပြီဆိုရင်တော့ အသက်အရွယ်တစ်ခုရောက်လာပြီဆိုတော့လေ၊ " ဆိုပြီး နောင်မကြာခင်အချိန်တစ်ခုမှာ အိမ်ထောင်ပြုတော့မယ့်အကြောင်းကိုပြောပြလာတာပဲ ဖြစ်ပါတယ်။
Photo- May Panche FB
ချစ်သူက ချမ်းသာတဲ့အသိုင်းအဝိုင်းက မဟုတ်ပေမယ့်လည်း အရည်အချင်းရှိတာကြောင့် ဦးဆောင်လမ်းပြပေးနိုင်သူဖြစ်တာကြောင့်လည်းရွေးချယ်ခဲ့တာလို့ဆိုပါတယ်။
မေပန်းချီတစ်ယောက် မကြာခင်အိမ်ထောင်ပြုတော့မယ့်အပေါ် ညီမဖြစ်သူရဲ့ သဘောထားကဘယ်လိုရှိမလဲဆိုတဲ့အပေါ်ကိုတော့
"ကိုယ်ရန်ဖြစ်လို့ရှိရင် ကိုယ့်ဘက်ကမနာဘူး။ သူ့အစ်ကိုတွေဘက်ကပဲ နာတာ။ အလုပ်မှာပင်ပန်းလာတယ်။ သူတို့အပေါ်စောင့်ရှောက်ပေးတယ်။ ချက်ချင်းပုံချလို့ရတဲ့သူအပေါ်ပုံချလိုက်တယ်။ သူကမြင်နေရတော့ ကိုယ်ကဆိုးတယ်။ သူသဘောတူတဲ့သူကမဆိုးဘူး။ သူကအဲ့လိုအစ်ကိုတွေဘက်က။"ဆိုပြီး ညီမဖြစ်သူရဲ့သဘောထားကို မေပန်းချီကပြောပြလာပါတယ်။
Photo- May Panche FB
သရုပ်ဆောင်မေပန်းချီက သူမရဲ့အချစ်ရေးအပေါ် ဖော်ထုတ်ပြောကြားလေ့မရှိပေမယ့် ဒီတစ်ခါမှာတော့ ပထမဆုံးအနေနဲ့ မီဒီယာထက်မှာ ပွင့်ပွင့်လင်းလင်းပြောပြလာတာဖြစ်ပါတယ်။
Photo- May Panche FB
အိမ်ထောင်ပြုပြီးချိန်မှာလည်း အနုပညာအလုပ်တွေနဲ့ စီးပွားရေးအလုပ်တွေကို အခွင့်အရေးရရင်ရသလိုလုပ်ဆောင်သွားမှာဖြစ်တဲ့အကြောငကိုပြောပြလာပါတယ်။ မေပန်းချီက လက်ရှိမှာ စိန်ရွှေရတနာ Live Sale တွေရောင်းချပေးနေတဲ့အပိုင်းမှာ အောင်မြင်မှုရရှိနေသူတစ်ဦးလည်းဖြစ်ပါတယ်
Share