ချစ်သူသက်တမ်း(၃)နှစ်မှာ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။
The Voice Myanmar ကနေ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားတဲ့ အဆိုတော် ဘဝဟာ ဖေဖော်ဝါရီ (၁၉) ရက်နေ့က သူရဲ့ ချစ်သူကောင်မလေးနီလာထူး နဲ့ ရွှေလက်တွဲလိုက်ပြီလို့ သိရပါတယ်။ ချစ်သူသက်တမ်း(၃)နှစ်မှာ ကောင်မလေးနဲ့ လက်ထပ်ခဲ့တာ ဖြစ်ပြီး သူလက်ထပ်တော့မယ်ဆိုတဲ့ အကြောင်းကိုလည်း အရင်ကတည်းက သူ့ရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွတ် စာမျက်နှာကတဆင့် အသိပေးခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုတော်ဘဝရဲ့ မင်္ဂလာဧည့်ခံပွဲကို ပြင်ဦးလွင်ရှိ”မြို့တော်ခန်းမ”မှာ ဖေဖော်ဝါရီ(၁၉) ရက်နေ့ နေ့လည် (၁)နာရီကနေ (၄)နာရီအထိ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး နှစ်ဖက်မိဘသိုင်းအဝိုင်းနဲ့အတူ ဖိတ်ကြားထားတဲ့ ဧည့်ပရိသတ်တွေနဲ့ မင်္ဂလာပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့တာကိုလည်း သူရဲ့ဖေ့စ်ဘွတ်ကနေ တွေ့မြင်ခဲ့ရပါတယ်။
သူတို့နှစ်ဦးဟာ ကျောင်းနေဖတ် သူငယ်ချင်းတွေက တစ်ဆင့် အခုလို ဘဝလက်တွဲဖော်တွေဖြစ်လာခဲ့ကြတာပါ။ သူတို့နှစ်ယောက်ရဲ့ Relation ကိုတစ်ယောက်နဲ့ နားလည်မှုတွေရဲ့ တည်ဆောက်ထားပြီး ကောင်မလေးကြောင့်ပဲ သူ့ရဲ့ မကောင်းတဲ့ အကျင့်စရိုက်တွေ ပြုပြင်ပြောင်းလဲ လာခဲ့ပြီး အခုလို အိမ်ထောင်သည်ဘဝကို ထူထောင့်တာ ဖြစ်တယ်လိုလည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုဖူးခဲ့ပါတယ်။
သူလက်ထပ်သွားပေမယ့်လည်း ပရိသတ်တွေနဲ့အနေနဲ့ သူ့ကို ဆက်လက်အားပေးပေးဖို့ကိုလည်း သူက ပြောထားပါသေးတယ်။
အဆိုတော် ဘဝဟာ ၂၀၁၈ခုနှစ်ကစပြီး The Voice Myanmar ပြိုင်ပွဲကို ဝင်ရောက်ယှဥ််ပြိုင်ခဲ့ပေမယ့်လည်း ၂၀၂၀ ခုနှစ်မှာ ကျင်းပပြုလုပ်တဲ့ The Voice Myanmar Season 3 မှာ ပရိသတ် အားပေးမှု ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ အဆိုတော် ဘဝဟာ လတ်ရှိမှာတော့ တစ်ကိုယ်တော် တေးစီးရီးများနဲ့ ပရိသတ် အားပေးမှု အခိုင်အမာရရှိထားလို့ နေပါတယ်။
သူသီချင်းဆိုထားတဲ့ “ ရွှေလက်တွဲ”၊ “နတ်ပြည်တက်မယ်”ဆိုတဲ့ သီချင်းတွေလည်း ပရိသတ်တွေကြားထဲမှာ ရေပန်းစား အောင်မြင်နေတဲ့ သီချင်းတွေ ဖြစ်နေတာလည်း တွေ့ရပါတယ်။