ရီးရဲလ်အသင်းဖော်တွေကိုတောင်မှ သူ သတိပေးခဲ့သေးတယ်လို့ ဆိုပါတယ်။

ခရိုအေးရှားကို အားလုံးက အထင်သေးခဲ့ကြပြီး စာရင်းထဲ ထည့်မတွက်ခဲ့ကြဘူးလို့ အသင်းခေါင်းဆောင် လူကာမိုဒရစ်က ပြောဆိုလိုက်ပါတယ်။ ခရိုအေးရှားဟာ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ underdog အသင်းအဖြစ်နဲ့ ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်နေပြီဖြစ်ကာ ကွာတားဖိုင်နယ်မှာ နာမည်ကျော်ဘရာဇီးလ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့တာဖြစ်ပါတယ်။ 

"ကမ္ဘာ့ဖလားအတွက် ထွက်ခွာမလာခင် ရီးရဲလ်မက်ဒရစ်အဝတ်လဲခန်းထဲမှာ ကမ္ဘာ့ဖလားအကြောင်း ကျနော်တို့အများကြီးပြောဖြစ်ခဲ့ကြတယ်၊ အသင်းဖော်တွေကို ကျနော်ပြောခဲ့တာက ခရိုအေးရှားကို မင်းတို့စောင့်ကြည့်နေကြပါ ဆိုတာပဲ၊ ဘယ်သူမှ ကျနော်တို့ကို စာရင်းထဲမထည့်ခဲ့ကြပါဘူး" လို့ မိုဒရစ်က ပြောဆိုခဲ့ကြောင်း ESPN က ရေးသားဖော်ပြခဲ့ပါတယ်။ 

အခုတော့ ခရိုအေးရှားက ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်နေပြီး အာဂျင်တီးနားနဲ့ ရင်ဆိုင်ရတော့မှာပါ။ မက်ဆီဦးဆောင်လာမယ့် အာဂျင်တီးနားကို ထပ်မံရင်ဆိုင်ရမှာဖြစ်ပြီး ဒီတကြိမ်တော့ ခရိုအေးရှားကို ဘယ်သူကမှ အထင်မသေးရဲတော့ပါဘူး။ ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်ကို ၂ ကြိမ်ဆက်တိုက်တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲကို နှစ်ကြိမ်ဆက် တက်ရောက်နိုင်မလားဆိုတာကို စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။

တဖက်မှာတော့ ပြင်သစ်နဲ့ မော်ရိုကိုတို့ ဆီမီးဖိုင်နယ်ကစားရဖို့ရှိနေပါတယ်။ တကယ်လို့သာ ပြင်သစ်နဲ့ ခရိုအေးရှားတို့ အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲမှာ တွေ့ဆုံမယ်ဆိုရင်တော့ နှစ်ကြိမ်ဆက်တိုက်အဖြစ် ဗိုလ်လုပွဲမှာ တူညီတဲ့အသင်းနှစ်သင်း တွေ့ဆုံမှာဖြစ်ပြီး ဒါဟာ ကမ္ဘာ့ဖလားသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဒီလိုမျိုး ရင်ဆိုင်ရတာ ဖြစ်လာမှာလည်းဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က