တော်တန်ရုံလိုက်မီဖို့ မလွယ်ကူတဲ့မှတ်တမ်းတွေဖြစ်ပါတယ်။

ခရိုအေးရှားနဲ့ ကစားခဲ့တဲ့ ကမ္ဘာဖ့လားဆီမီးဖိုင်နယ်ပွဲမှာတော့ မက်ဆီဟာ ထူးခြားတဲ့စံချိန်မှတ်တမ်းတွေကို ထပ်မံရရှိသွားခဲ့ပြန်ပါပြီ။ အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ အသင်းအတွက် ဦးဆောင်ဂိုးကို အယ်လ်ဗာရက်ဇ်ကြောင့် ရရှိတဲ့ ပင်နယ်တီကတဆင့် ကန်သွင်းယူပေးခဲ့ပြီး သူ့အတွက် ဒီနှစ်ကမ္ဘာ့ဖလားမှာ ၅ ဂိုးမြောက်ဂိုး ဖြစ်လာစေခဲ့ပါတယ်။ 

ဒါကြောင့် သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတခုမှာ ၅ ဂိုးအထိ သွင်းယူနိုင်တဲ့ အသက်အကြီးဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ မက်ဆီရဲ့ အသက်ကတော့ ၃၅ နှစ်နဲ့ ၆ လဝန်းကျင်ဖြစ်ပြီး ဒီမှတ်တမ်းကို ရယူနိုင်ခဲ့မှုက သူ့အတွက်တော့ တကယ်ကိုထူးခြားခဲ့ပါတယ်။ နောက်ထပ်လိုက်မီနိုင်ဖို့ မလွယ်ကူတဲ့ မှတ်တမ်းမျိုးဖြစ်ပြီး မက်ဆီတဦးတည်းသာ လုပ်ပြနိုင်တဲ့ စံချိန်အဖြစ် တည်ရှိဖွယ်ရာ ရှိနေပါတယ်။ 

ဒါ့အပြင် မက်ဆီဟာ ကမ္ဘာ့ဖလားသွင်းဂိုးအများဆုံးရယူနိုင်တဲ့ အာဂျင်တီးနားကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ စုစုပေါင်း ၁၁ ဂိုးအထိ မက်ဆီက ရရှိထားခဲ့ပြီး ဘာတစ္စတူတာ၊ မာရာဒိုနာတို့ကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဆုဖလားကို ရယူနိုင်ဖို့အတွက်ပါ ပစ်မှတ်ထားနေတဲ့ မက်ဆီကတော့ ဗိုလ်လုပွဲမတိုင်ခင် ထူးခြားကောင်းမွန်တဲ့ စံချိန်တွေကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

မက်ဆီအနေနဲ့ ရွှေဖိနပ်ဆု၊ ရွှေဘောလုံးဆုတွေကိုပါ ရယူနိုင်ဖို့ မျှော်လင့်ချက်အားကောင်းနေပြီး ပြင်သစ်တိုက်စစ်မှူးဘတ်ပီနဲ့ အဓိကအားပြိုင်ရဖွယ်ရှိနေပါတယ်။ ဘတ်ပီကလည်း သွင်းဂိုး ၅ ဂိုးရရှိထားတာကြောင့် ရွှေဖိနပ်ဆုအတွက် ပီအက်စ်ဂျီအသင်းဖော်နှစ်ဦး အပြိုင်အဆိုင်ဖြစ်နေကာ ဘယ်သူက ဆွတ်ခူးသွားမလဲ စိတ်ဝင်စားစရာအကောင်းဆုံးအချိန်ဖြစ်လာခဲ့ပါပြီ။ 

Share

Loading Next Article...
က္က