ခရစ္စမတ်ပွဲတော်ကာလဟာဆိုရင် ကမ္ဘာတဝှမ်းမှာ ပျော်ပွဲရွှင်ပွဲတွေ၊ ခရစ္စမတ်သစ်ပင်တွေ၊ အလှဆင်ပစ္စည်းတွေနဲ့ ပြည့်နေတဲ့ ပျော်စရာအခါသမယလေး ဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေဟာ ဆိုရင်လည်း မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေကို လက်ဆောင်အပြန်အလှန်ပေးကြပြီး ခရစ္စမတ်ကို ချစ်ခင်မှုတွေနဲ့ ဆင်နွှဲလေ့ရှိပါတယ်။ ဒီနှစ်ခရစ္စမတ်မှာ KBZPay မှာ ကျပ်သိန်းပေါင်း ၆၀၀ ကျော်ကို ချစ်ခင်သူတွေနဲ့အတူ ပျော်ပျော်ပါးပါး မုန့်ဖိုးမျှဝေရယူရင်း ခရစ္စမတ်ကို ပါဝင်ဆင်နွှဲလိုက်ကြရအောင်နော်။
ဘယ်တော့စမှာလဲ
ခရစ္စမတ်မုန့်ဖိုးမျှဝေအစီအစဉ်ကို ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ပါဝင်ဆင်နွှဲနိုင်မှာ ဖြစ်ပါတယ်။
ဘယ်သူတွေပါဝင်ခွင့်ရမှာလဲ
KBZPay ကိုအသုံးပြုနေတဲ့ သုံးစွဲသူအားလုံး ဒီအစီအစဉ်မှာ ပါဝင်နိုင်မှာပါ။
မုန့်ဖိုးဘယ်လိုရမှာလဲ
ဒီဇင်ဘာလ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ည ၈ နာရီမှာ မုန့်ဖိုးကို ရယူနိုင်ဖြစ်ပါတယ်။
မုန့်ဖိုးရဖို့ ဘာလုပ်ရမလဲ
မုန့်ဖိုးရဖို့အတွက် တစ်ခုတည်းသောလိုအပ်ချက်က အဝါရောင်ခရစ္စမတ် အလှဆင်ပစ္စည်း ၊ အစိမ်း ရောင်ခရစ္စမတ် အလှဆင်ပစ္စည်း၊ အနီရောင်ခရစ္စမတ် အလှဆင်ပစ္စည်း၊ အပြာရောင်ခရစ္စမတ် အလှဆင်ပစ္စည်း၊ ခရမ်းရောင်ခရစ္စမတ် အလှဆင်ပစ္စည်းစတဲ့ ခရစ္စမတ်အလှဆင်ပစ္စည်း ၅ မျိုးကို စုဆောင်းရမှာပါ။ မုန့်ဖိုးဖွင့်ဖောက်ဖို့အတွက်က အဲဒီခရစ္စမတ်အလှဆင်ပစ္စည်း ၁ မျိုးကို ရရှိဖို့ လိုပါတယ်။ သုံးစွဲသူတွေအနေနဲ့ ပိုနေတဲ့ အလှဆင်ပစ္စည်းလေးတွေကို အချင်းချင်းမျှဝေပေးနိုင်ပါတယ်။ ဒါ့အပြင် KBZPay လက်ရှိသုံးစွဲသူတွေအနေနဲ့ KBZPay ရဲ့ ခရစ္စမတ် မုန့်ဖိုး အစီအစဉ်မှာ ပါဝင်ဖို့ သုံးစွဲသူအသစ်တွေကို ခေါ်ဆောင်နိုင်ခဲ့မယ်ဆိုရင်လည်း အပိုဆုကြေးငွေတွေရရှိဦးမယ့် အစီအစဉ်ကိုလည်း ထည့်သွင်းထားပါတယ်။
ခရစ္စမတ်အလှဆင်ပစ္စည်းလေးတွေ စုဆောင်းနိုင်မယ့် နည်းလမ်း(၆)မျိုး
၁။ သုံးစွဲသူအသစ်တစ်ဦးကို ဖိတ်ခေါ်နိုင်မယ်ဆိုရင် ကျပန်းအလှဆင်ပစ္စည်းလေးတစ်ခု ရရှိမှာဖြစ်သလို သုံးဦးပြည့်တိုင်းမှာ လိုချင်တဲ့အလှဆင်ပစ္စည်းလေးကိုပြောင်းလဲနိုင်တဲ့ ကံကောင်းခြင်း အလှဆင်ပစ္စည်းလေးတစ်ခု ရရှိမှာပါ။
၂
။ KBZPay Official Account ကို ဝင်ပြီး နေ့စဥ် ကြည့်ရှုလို့လည်း ကျပန်းအလှဆင်ပစ္စည်းလေးတစ်ခု ရရှိနိုင်ပါတယ်။
၃။ ခရစ္စမတ် မုန့်ဖိုး Campaign ကို နေ့စဉ် သူငယ်ချင်းတွေနဲ့ မျှဝေမယ်ဆိုရင်လည်း ကျပန်းအလှဆင်ပစ္စည်းလေးတစ်ခု ရရှိမှာပါ။
၄။ KBZPay Market ကို နေ့စဥ် ကြည့်ရှုပြီး မိမိနှစ်သက်ရာ ပစ္စည်းတစ်ခုကို wishlist ဒါမှမဟုတ် shopping cart ထဲကို ထည့်မယ်ဆိုရင်လည်း ကျပန်း ခရစ္စမတ်အလှဆင်ပစ္စည်းတစ်ခု ရရှိမှာဖြစ်ပါတယ်။
၅။ နေ့စဥ် အနည်းဆုံး ၄၅၀၀ ကျပ်ဖိုး လက်ဆောင်ကတ်ဝယ်ယူမယ်ဆိုရင်လည်း ကျပန်းခရစ္စမတ်အလှဆင်ပစ္စည်းလေးတစ်ခု ရရှိနိုင်ပါတယ်။
၆။ KBZPay သုံးပြီး နေ့စဥ် အနည်းဆုံး ၅,၀၀၀ ကျပ်ဖိုး ဖုန်းဘေလ်ဖြည့်မယ်ဆိုရင် ကျပန်းခရစ္စမတ်အလှဆင်ပစ္စည်းတစ်ခု ရရှိမှာပါ။
ပျော်ရွှင်ဖွယ်ရာ ခရစ္စမတ်ကာလမှာ အချင်းချင်း အပြန်အလှန် မုန့်ဖိုးလေးတွေ မျှဝေရယူနိုင်ဖို့အတွက် KBZPay ရဲ့မုန့်ဖိုးမျှဝေအစီအစဉ်မှာ ဝင်ရောက်ပါဝင်ဆင်နွှဲလိုက်ပါ။
အသေးစိတ်ကိုတော့ အောက်ဖော်ပြပါလင့်ကိုနှိပ်၍ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
KBZPay App ကို ရယူရန် –
Android Version: http://bit.ly/2RP3U0N
iOS Version: https://apple.co/31igRU9