ကလော၊ နောင်ချို ခရီးစဉ်တွေ များတယ်လို့ သိရပါတယ်။

လာမယ့် ခရစ္စမတ်ရုံးပိတ်ရက်နဲ့ နှစ်သစ်ကူးရုံးပိတ်ရက်တွေမှာ ရှမ်းပြည်တောင်ပိုင်းရှီ တောင်ကြီး၊ အင်းလေး၊ ကလောအပြင် ရှမ်းပြည်မြောက်ပိုင်း နောင်ချိုဘက်တွေကို အပန်းဖြေခရီးသွားဖို့ ဘွတ်ကင်တင်ထားမှုများတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလအထိ ပိတ်ရက်ကာလတွေမှာ ကမ်းခြေအပန်းဖြေခရီးစဉ်တွေကိုသာ စီစဉ်ပေးခဲ့ရပြီး အခုဆောင်းဦးကာလရောက်လာတဲ့အခါမှာတော့ တောင်ပေါ်ဒေသခရီးစဉ်တွေကို အများဆုံး စီစဉ်ပေးနေရတယ်လို့ ခရီးသွားလုပ်ငန်းဝန်ဆောင်မှုတစ်ခုမှသိရပါတယ်။ 

“အခုချိန်ကတော့ ကမ်းခြေဘက် သိပ်သွားတာမရှိတော့ဘူး။ သွားတော့ သွားကြတယ်ပေါ့နော်။ အခုလာမယ့်ပိတ်ရက်ကာလတွေမှာတော့ အများစုက တောင်ပေါ်ဒေသဘက်ကို ရွေးတာများတယ်။ ဒီကာလက တောင်ပေါ်ဒေသတွေဘက်မှာ လည်ကောင်းတဲ့အချိန်၊ လှတဲ့အချိန်ဆိုတော့ အဲဒီဘက်တွေကိုသွားဖို့ စီစဉ်ထားတဲ့သူတွေများတယ်” လို့ ဆိုပါတယ်။ 

ပိတ်ရက်ကာလတွေမှာတော့ အပန်းဖြေခရီးစဉ်တွေကို တစ်ညအိပ် နှစ်ရက်၊ နှစ်ညအိပ် ၃ရက် နဲ့ စီစဉ်ပို့ဆောင်ပေးလျှက်ရှိပါတယ်။

ခရစ္စမတ်ရုံးပိတ်ရက်ထက် နှစ်သစ်ကူးပိတ်ရက်အတွက် ကြိုတင် ဘွတ်ကင်တင်ထားမှုက များတယ်လို့ သိရပါတယ်။

ဒီအချိန်ဟာ တောင်ပေါ်ဒေသခရီးသွားရာသီလည်းဖြစ်သလို ကလောဘက်သွားရောက်လည်ပတ်တဲ့သူများတာကြောင့် ကလောဟိုတယ်တွေမှာဆိုရင် ဟိုတယ်ခတွေကို ပရိုမိုးရှင်း အစီအစဉ်တွေနဲ့ စျေးချလျှက်ရှိနေပါတယ်။

ဆောင်းရဲ့ အအေးဓာတ်နဲ့အတူ တိမ်ပင်လယ်ကြည့်ရှုခံစားလိုတဲ့ ပြည်သူတွေကတော့ နောင်ချို တိမ်ပင်လယ်အပန်းဖြေစခန်းတွေကို သွားရောက်လည်ပတ်လျှက်ရှိပါတယ်။ 

နောက်ချိုတိမ်ပင်လယ်စခန်းမှာလည်း ညအိပ်လာရောက်လည်ပတ်တဲ့ ခရီးသွားတွေအတွက် နေထိုင်စားသောက်မှုအတွက်ကိုလည်း သတ်မှတ်အခကြေးငွေတွေနဲ့ ဝန်ဆောင်မှုပေးလျှက်ရှိနေတယ်လို့ သိရပါတယ်။


Share

က္က