ကူဘိုရဲ့ သွင်းဂိုးက ငြင်းပယ်ခံခဲ့ရတာပါ။

ဆိုစီဒက် တိုက်စစ်ကစားသမားလေး ကူဘိုက မနေ့ညက အသင်းဟောင်း ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ပွဲမှာ ပယ်ဖျက်ခံလိုက်ရတဲ့ သူ့ရဲ့ သွင်းဂိုးက ခွင့်ပြုပေးခံရသင့်ကြောင်း ပြောကြားလိုက်ပါတယ်။ ဆိုစီဒက်ကွင်းမှာ ရီးရဲလ်မက်ဒရစ်တို့ တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။



ဒီပွဲရဲ့ ပထမပိုင်းမှာတင် အာဒါဂူလာက ရီးရဲလ်မက်ဒရစ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်က ဒီပွဲမှာ အရန်ကစားသမား အများစုကို ပွဲထုတ်ကစားခဲ့ပြီး ဗီနီရှပ်စ်၊ ဗယ်လ်ဗာဒီ၊ ရိုဒရီဂိုတို့အပါအဝင် အဓိက,ကားသမားတွေကို အနားပေးခဲ့ပါတယ်။


အဲ့ဒါကြောင့်လည်း ရီးရဲလ်မက်ဒရစ် ကစားပုံက အားရစရာမရှိခဲ့ဘဲ စိတ်ပျက်ဖို့ ကောင်းခဲ့ပါတယ်။ ဒါ့အပြင် ဦးဆောင်ဂိုးပေးရပြီးနောက် မကြာခင်မှာတင် ကူဘိုရဲ့ ဆိုစီဒက်အတွက် သွင်းဂိုးတစ်ဂိုးကလည်း အငြင်းပွားဖွယ် ပ​ယ်ဖျက်ခံခဲ့ရသေးတာပါ။

ရီးရဲလ်မက်ဒရစ်ရဲ့ ပင်နယ်တီဧရိယာထိပ်မှာ ချူအာမန်နီတစ်ယောက် ဘောလုံးပေးဖို့အလုပ် ဘာရန်အက်ဆာက နောက်ကနေ ဖိအားပေး တွန်းတိုက်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ချူအာမန်နီ လဲကျသွားခဲ့ပြီး ဒီဘောလုံးကတစ်ဆင့် ကူဘိုက ဆိုစီဒက်အတွက် ဂိုးသွင်းယူပေးခဲ့တာပါ။ ဒါပေမယ့် ဒီသွင်းဂိုးက ခွင့်ပြုခံရခြင်း မရှိပါဘူး။

ပွဲအပြီးမှာ ကူဘိုက “ကျွန်တော် ပြောနိုင်တာတစ်ခုကတော့ ဒီဘောလုံးဆုံးရှုံးသွားတဲ့ ကစားသမား​ (ချူအာမန်နီကို ရည်ရွယ်သည်) က အိပ်ပျော်နေတာပါ။ ချန်ပီယံလိဂ်လို ပြိုင်ပွဲမျိုးမှာဆိုရင်တော့ ဒါက ခွင့်ပြုမခံရဘဲ မနေပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က