ပထမပိုင်းပွဲချိန်အတွင်း ဖြစ်ပွားခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီကတော့ မနေ့က ရီးရဲလ်မက်ဒရစ်ရဲ့ စတမ်းဖို့ဒ်ဘရစ်ချ် အောင်ပွဲအတွက် မဖြစ်မနေ ချီးကျူးရမယ့် ပုဂ္ဂိုလ်တယောက်လည်းဖြစ်ပါတယ်။ သူ့ရဲ့သမ္ဘာနဲ့ နည်းဗျူဟာပိုင်းက ချဲလ်ဆီးကို အခုလို နိုင်ပွဲရဖို့ အရေးပါခဲ့တယ်လို့ ပရိသတ်တွေက ယုံကြည်နေပါတယ်။



ဒီပွဲမှာ အန်ဆယ်လော့တီက ကွင်းလယ်မှာ ဗယ်လ်ဗာဒီကို ဝှက်ဖဲအဖြစ် အသုံးချခဲ့ပြီး ရူဒီဂါ၊ အက်ဇ်ပီလီကွီတာ၊ မေဆင်မောင့်တို့နဲ့ ရင်ဆိုင်ရမယ့် ညာနောက်ခံလူ ကာဗာဟယ်လ်ကို အပြည့်အဝ ကူညီစေခဲ့ပါတယ်။ ကာဗာဟယ်လ်ဟာ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းကျဆင်းနေတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

ဒါပေမယ့် ချဲလ်ဆီးနဲ့ပွဲမှာတော့ ဗယ်လ်ဗာဒီက ညာနောက်ခံလူနေရာအထိ ဆင်းပြီး ကာဗာဟယ်လ်ကို အပြည့်အဝ ကူညီပေးခဲ့ပြီး ကာဗာဟယ်လ်လည်း ဖိအားလျော့ခဲ့ရပါတယ်။ ဗယ်လ်ဗာဒီကတော့ ကွင်းထဲမှာ အခုလို ကူညီပေးခဲ့ပေမယ့် အန်ဆယ်လော့တီကိုတော့ ပွဲကစားချိန်အတွင်း ဒုက္ခပေးသွားခဲ့ပါတယ်။

ပထမပိုင်း ပွဲကစားချိန်အတွင်း ဗယ်လ်ဗာဒီက အက်ဇ်ပီလီကွီတာနဲ့ လေထဲက ဘောလုံးကို ယှဥ်လုဖို့ ကြိုးစားခဲ့ရာမှာ အရှိန်လွန်ပြီး အန်ဆယ်လော့တီရဲ့ ခြေထောက်ကို တိုက်မိခဲ့တာပါ။ ဒီအနေအထားမှာ လက်ပစ်ဘောဖြစ်သွားပေမယ့် အက်ဇ်ပီလီကွီတာက ပွဲကို ချက်ချင်းပြန်လည်စတင်ခဲ့တာကြောင့် ဗယ်လ်ဗာဒီတယောက် သူ့နည်းပြကို ပြန်လှည့်မကြည့်နိုင်ခဲ့ပါဘူး။

အသက် (၆၂) နှစ်အရွယ် အန်ဆယ်လော့တီရဲ့ တံကောက်ကြောကို ဗယ်လ်ဗာဒီက ထိခိုက်မိခဲ့တာဖြစ်ပြီး အန်ဆယ်လော့တီလည်း တော်တော်လေးနာကျင်သွားခဲ့တဲ့ပုံပါပဲ။ ကွင်းဘေးမှာရှိတဲ့ စတုတ္ထဒိုင်ကတော့ အန်ဆယ်လော့တီရဲ့ အခြေအနေကို ကြည့်ရှုမေးမြန်းနေခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ ဘာမှကြီးကြီးမားမား မဖြစ်ခဲ့ပါဘူး။

အန်ဆယ်လော့တီဟာ ဒီပွဲမတိုင်ခင်မှာ ကိုဗစ်ကူးစက်ခံထားရတာကြောင့် ပွဲကစားမယ့်နေ့မှသာ လန်ဒန်မြို့ကို ချက်ချင်း လာရောက်ခဲ့ရတာဖြစ်ပြီး ပွဲချိန်အတွင်းမှာလည်း သူ့ကစားသမားကြောင့်ပဲ အခုလိုမျိုး မတော်တဆဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။  

Share

Loading Next Article...
က္က