အာဆင်နယ်က အုပ်စုဗိုလ်နဲ့ နောက်တစ်ဆင့် တက်ခဲ့ပါပြီ။

မနေ့ညက ကစားခဲ့တဲ့ လန်းစ်နဲ့ ချန်ပီယံလိဂ် အုပ်စု အိမ်ကွင်းပွဲမှာ အာဆင်နယ်တို့ ဂိုးဒါဇင်ဝက်အထိ သွင်းပြီး ဂိုးမိုးရွာခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် အာဆင်နယ်တို့ အုပ်စု နောက်ဆုံးပွဲ ကစားဖို့ ကျန်တဲ့အချိန်မှာ အုပ်စုဗိုလ်အတွက် သေချာသွားခဲ့ပါတယ်။



အာဆင်နယ်အတွက် ဂိုးတွေကို ကိုင်ဟာဗက်ဇ်၊ ဂျေးဆု၊ ဆာကာ၊ မာတီနယ်လီ၊ အိုဒီဂတ်၊ ဂျော်ဂျင်ဟိုတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အသင်းရရှိခဲ့တဲ့ သွင်းဂိုးခြောက်ဂိုးကို မတူညီတဲ့ ကစားသမား ခြောက်ယောက်က သွင်းယူပေးခဲ့တာလည်း အာဆင်နယ်ပရိသတ်တွေအတွက် ကျေနပ်စရာပါ။
အဖွင့်ဂိုးကို ပွဲကစားချိန် (၁၃) မိနစ်မှာ ကိုင်ဟာဗက်ဇ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဟာဗက်ဇ်ကတော့ နှစ်ပွဲဆက်တိုက် ဂိုးပေါက်ရှာတွေ့ခဲ့ပြီး သူ့အပေါ် ဝေဖန်မှုတွေကို တိတ်ဆိတ်စေခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်ဟာ (၁၄) မိနစ်အတွင်းမှာတင် (၄) ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။
ပွဲကစားချိန် (၂၁) မိနစ်၊ (၂၃) မိနစ်နဲ့ (၂၇) မိနစ်တို့မှာ ဂျေးဆု၊ ဆာကာ၊ မာတီနယ်လီတို့က ဂိုးတွေ ဆက်တိုက် သွင်းယူပေးနိုင်ခဲ့ပြီး ပထမပိုင်းမှာတင် သက်သောင့်သက်သာနဲ့ ပွဲကို အပြတ်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းပြီးဖို့ နာကျင်အချိန်ပိုမှာ အိုဒီဂတ်က တစ်ဂိုး သွင်းပေးခဲ့ပါတယ်။
ဒုတိယပိုင်း (၈၆) မိနစ်မှာတော့ ဂျော်ဂျင်ဟိုက ပင်နယ်တီကတစ်ဆင့် ပွဲသိမ်းဂိုး သွင်းယူပေးခဲ့ပြီး အာဆင်နယ်တို့ နိုင်ပွဲရခဲ့တာပါ။ အာဆင်နယ်ရဲ့ အုပ်စုမှာတော့ ပီအက်စ်ဗွီက အုပ်စုဒုတိယရဖို့ သေချာသလောက်​ရှိသွားခဲ့ပြီလို့လည်း ဆိုနိုင်ပါတယ်။

Share

Loading Next Article...
က္က