ဒီနေ့ညမှာ ကစားသွားရမှာပါ။

ဒီနေ့ည ကစားသွားမယ့် ချယ်လ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပွဲစဉ်ကိုတော့ မိုက်ကယ်အိုဝင်က ခန့်မှန်းပေးလိုက်ပြီဖြစ်ပါတယ်။ အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေတဲ့ ချယ်လ်ဆီးဟာ ယူနိုက်တက်ကို အိမ်ကွင်းမှာလက်ခံကစားရမှာဖြစ်​ပြီး ယာယီနည်းပြနဲ့ လာရောက်မယ့်အသင်းကို အနိုင်ရရှိမယ်လို့ ရေပန်းစားနေတာလည်းဖြစ်ပါတယ်။



လက်ရှိခြေစွမ်းတွေအရ ယူနိုက်တက်က အောက်အသင်းအဖြစ်ရှိနေကာ ချယ်လ်ဆီးက အပေါ်အသင်းလို့ အားလုံးကယူဆထားကြတာဖြစ်ပါတယ်။ နှစ်သင်းစလုံးက ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ပြိုင်ဘက်တွေကို ဂိုးပြတ်နိုင်ပွဲအသီးသီးရရှိခဲ့ကြလို့ စိတ်ပိုင်းဆိုင်ရာအရ အကောင်းဆုံးအနေအထားမှာ ရှိနေလို့ အကြိတ်အနယ်ရှိလာနိုင်တဲ့ပွဲလည်းဖြစ်ပါတယ်။

အိုဝင်ကတော့ ချယ်လ်ဆီးဟာ အရမ်းတောင့်တင်းတဲ့အသင်းဖြစ်တယ်လို့ ယုံကြည်နေပြီး ယူနိုက်တက်အနေနဲ့ စတန်းဖို့ဒ်ဘရစ်ချ်ကနေ လက်ဗလာနဲ့ ပြန်လာရမယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။ "စူပါဆန်းဒေးကတော့ စတန်းဖို့ဒ်ဘရစ်ချ်ကို ယူနိုက်တက်တို့လာမှာကို ကြည့်ရမှာပါ၊ ကာရစ်က ကြားရက်မှာ သူ့ကစားသမားတွေဆီက တုံ့ပြန်မှုတွေကို ရယူနိင်ခဲ့ပါတယ်၊ ဒါပေမယ့်လည်း ဒီပွဲက သူ့အတွက် အကြီးမားဆုံးစမ်းသပ်မှုပါပဲ"


"ချယ်လ်ဆီးက ဂျူဗင်တပ်စ်ကို အံ့အားသင့်စရာကောင်းတဲ့ပုံစံနဲ့ အနိုင်ယူပြခဲ့ပါတယ်၊ သူတို့ရဲ့ ခံစစ်က ကျောက်ဆောင်ကျောက်သားတွေလို ခိုင်မာနေပြီးတော့ ချန်ပီယံဆုကို ရယူချင်တဲ့ဆန္ဒရှိရင် ပိုင်ဆိုင်ထားသင့်တဲ့အရာလည်းဖြစ်နေပါတယ်၊ ဗန်ဒီဘိခ်၊ ဆန်ချိုတို့လိုကစားသမားတွေနဲ့ ကာရစ်ကစားမယ်လို့ ကျွန်တော်ထင်တယ်၊ ဒါပေမယ့် ကျွန်တော့်အတွက် ချယ်လ်ဆီးက အရမ်းတောင့်တင်းနေပါတယ်၊ ချယ်လ်ဆီးပဲ အနိုင်သုံးမှတ်ရသွားမှာပါ" လို့ ခန့်မှန်းသွားခဲ့ပါတယ်။ 

အိုဝင်နည်းတူ ဘာဘာတော့ဗ်ကလည်း ဒီပွဲကို ချယ်လ်ဆီးပဲ အနိုင်ရမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ သူတို့နှစ်သင်း နောက်ဆုံးတွေ့ဆုံခဲ့တဲ့ အမှတ်ပေးပွဲ ၇ ပွဲမှာတော့ ချယ်လ်ဆီးတို့ နိုင်ပွဲမရထားခဲ့ဘဲ ဒီမှတ်တမ်းကို ချေဖျက်ပြနိုင်ဖို့တော့ အခွင့်အရေးရရှိနေတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က