ယာယီနည်းပြအဖြစ် တာဝန်ကိုင်တွယ်သွားဖို့ စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြန်လာချင်နေတယ်လို့ သိရပါတယ်။

ဖရန့်ခ် လမ်းပတ်ဟာ ချဲလ်ဆီးအသင်းကို ယခုရာသီကုန်တဲ့အထိ ယာယီနည်းပြအဖြစ်နဲ့ ကိုင်တွယ်ဖို့ အခွင့်အရေး ကမ်းလှမ်းလာမယ်ဆိုရင် လက်ခံသွားချင်နေတယ်လို့ သိရပါတယ်။

 

ချဲလ်ဆီးဂန္တဝင်ဟာ လီဗာပူးလ်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာ ဂိုးပေါက် ရှာမတွေ့ဘဲ ရုန်းကန်နေရတဲ့ ချဲလ်ဆီးအသင်းကို လာရောက်ကြည့်ရှုခဲ့တဲ့ စတမ်းဖို့ဒ် ဘရစ်ချ်က ပွဲကြည့်စင်ပေါ်က ပုံတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

 

လမ်းပတ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဆိုးရွားတဲ့ ရလဒ်တွေကြောင့် အဲဗာတန်အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး The Times ရဲ့ ဖော်ပြချက်အရ အသက် ၄၄ နှစ်အရွယ် ချဲလ်ဆီးဂန္တဝင်က ရာသီကုန်အထိ အသင်းကို ယာယီနည်းပြအဖြစ် တာဝန်ကိုင်တွယ်သွားဖို့ စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြန်လာချင်နေတယ်လို့ သိရပါတယ်။

 

လမ်းပတ်ဟာ ၂၀၁၉ ခုနှစ်နွေရာသီမှာ ချဲလ်ဆီးနည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပြီး ချဲလ်ဆီးအသင်းဟာ အပြောင်းအရွှေ့စျေးကွက် ၂ ခုအထိ ကစားသမားသစ် ခေါ်ယူခွင့် ပိတ်ပင်မှု ခံထားရပေမယ့်လည်း ချဲလ်ဆီးဂန္တဝင်လက်အောက်မှာ အက်ဖ်အေဖလား ဗိုလ်လုပွဲ၊ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

 

ဒါပေမယ့်လည်း လမ်းပတ်ဟာ နောက်ရာသီမှာ အလားအလာရှိတဲ့ စတင်မှုမျိုး ပြုလုပ်နိုင်ခဲ့ပြီးနောက် လိဂ် ၈ ပွဲမှာ ၄ ပွဲဆက်ရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ နည်းပြရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

 

ချဲလ်ဆီးအသင်းဟာ လာမယ့်အပတ်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အင်္ဂါနေ့ညနေက လီဗာပူးလ်နဲ့ပွဲကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ဘရူနို ဆော့တားက အဲဒီပွဲစဉ်ကို ကိုင်တွယ်မလားဆိုတာ မရေမရာဖြစ်နေတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က