ကိုဗာဆစ်က မန်စီးတီးကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။

ချဲလ်ဆီးကနေ မန်စီးတီးကို ပြောင်းရွှေ့ကြေး ပေါင် (၂၅) သန်းနဲ့ ပူပူနွေးနွေး ပြောင်းရွှေ့သွားခဲ့တဲ့ ကိုဗာဆစ်က အသင်းသစ် မန်စီးတီးနဲ့ နည်းပြ ဂွါဒီယိုလာတို့ကို ချီးကျူးစကားပြောကြားခဲ့ပါတယ်။ ကိုဗာဆစ်ကို ချဲလ်ဆီးတို့ လွယ်လွယ်ကူကူ လက်လွှတ်ခံခဲ့တာဖြစ်ပြီး မန်စီးတီးကလည်း ဂွန်ဒိုဂန်ရဲ့နေရာအတွက် ကိုဗာဆစ်ကို အစားထိုးခဲ့တာပါ။



ကိုဗာဆစ်ဟာ ချဲလ်ဆီးရဲ့ ဒီနွေရာသီ ရောင်းချမယ့် ကစားသမားစာရင်းထဲမှာ ပါဝင်ခဲ့ပြီး ပြည်တွင်း ထိပ်သီးပြိုင်ဘက်ထံ ချဲလ်ဆီးတို့ လွယ်လွယ်ကူကူနဲ့ ရောင်းချခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးဟာ အသင်းရဲ့ တိုက်စစ်ကစားသမား ကိုင်ဟာဗက်ဇ်ကိုလည်း အာဆင်နယ်ထံ ရောင်းချထားခဲ့ပါတယ်။

ကိုဗာဆစ်ကတော့ “ဒါက ကျွန်တော့်အတွက် ကြီးကျယ်ကောင်းမွန်တဲ့ အပြောင်းအရွှေ့တစ်ခုပါ။ မန်စီးတီးအတွက် ကစားပေးဖို့ မစောင့်နိုင်တော့ပါဘူး။ ဂွါဒီယိုလာရဲ့ လက်အောက်က ဒီမန်စီးတီးကို ကြည့်လိုက်တဲ့သူတိုင်း သူတို့ ဘယ်လောက်ကောင်းလဲဆိုတာကို သိကြပါတယ်။ ဆုဖလားတွေက သူတို့ရဲ့ အောင်မြင်မှုတွေကို ထင်သာမြင်သာ ဖြစ်စေတဲ့အရာတွေပါပဲ”

“ဒါပေမယ့် ကျွန်တော့်အတွက် မန်စီးတီးကသာ ကမ္ဘာပေါ်မှာ အကောင်းဆုံး အသင်းတစ်သင်းပါ။ ဘယ်ဘောလုံးသမားအတွက်မဆို ဒီလို လူအင်အားနဲ့ အသင်းကို ပြောင်းရွှေ့နိုင်ဖို့က အိပ်မက်တစ်ခုဖြစ်ပါတယ်။ ကျွန်တော် ရှေ့ဆက် လေ့လာသင်ယူစရာတွေရှိပြီး တိုးတက်အောင် လုပ်ရဦးမှာပါ။ ဒါပေမယ့် ဂွါဒီယိုလာရဲ့လက်အောက်မှာတော့ ကျွန်တော်က ပိုကောင်းတဲ့ ကစားသမားဖြစ်လာမှာပါ”

“အခု ကျွန်တော့်ရဲ့ အစီအစဥ်က မန်ချက်စတာကို မပြန်လာခင် ရက်အနည်းငယ် အနားယူမယ်၊ မန်ချက်စတာကို ပြန်မယ်။ ဒီအသင်းကို ထိပ်တန်းအဆင့်ဖြစ်ဖို့နဲ့ ဆုဖလားတွေ နောက်ထပ်အများကြီး ရယူနိုင်ဖို့ ကျွန်တော် ကူညီပေးချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ကိုဗာဆစ်ဟာ ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်းတစ်ယောက်ဖြစ်ပြီး အခုချိန်မှာတော့ ဘာစီလိုနာဘက်တော်သားတွေရှိနေတဲ့ မန်စီးတီးကို ပြောင်းရွှေ့ ကစားသွားတော့မှာလည်း ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က