မိုဗစ်က ပေါင် ၃ ဘီလျံလိုချင်နေပေမယ့် ၂ ဘီလျံနဲ့ဝယ်ဖို့ ကြိုးစားနေတာပါ။

ရုရှားသူဌေးရိုမန်အေဘရာမိုဗစ်က ချယ်လ်ဆီးကို ရောင်းထုတ်တော့မယ်လို့ ဆုံးဖြတ်ခဲ့ချိန်မှာတော့ ဝယ်ယူချင်သူတွေ ကိုယ်စီထွက်ပေါ်လာခဲ့ပါတယ်။ အခုအခါမှာ ဆွစ်ဇာလန်သူဌေးကြီး Hansjorg Wyss နဲ့ အမေရိကန်ဘေ့စ်ဘောအသင်းပိုင်ရှင် Todd Boehly တို့ ပူးပေါင်းပြီး ဝယ်ယူဖို့အတွက် ပြင်ဆင်နေတယ်လို့ Daily Mail က ဆိုပါတယ်။ 

ချယ်လ်ဆီးကို ရောင်းချရာမှာ ပေါင် ၃ ဘီလီယံအထိ အလိုရှိတယ်လို့ မိုဗစ်က စျေးခေါ်ထားတာပါ။ ဒါပေမယ့်လည်း ရုရှား-ယူကရိန်းစစ်ပွဲကြောင့် အကျပ်အတည်းထဲရောက်နေမှုကို အခွင့်ကောင်းယူကာ ဝယ်ယူသူတွေက အဆိုပါပမာဏထက် နည်းပါးတဲ့စျေးနှုန်းနဲ့သာ ကမ်းလှမ်းဖွယ်ရှိနေပြီး ဖော်ပြပါ သူဌေးကြီးနှစ်ဦးက ပေါင် ၂ ဘီလီယံသာ ပေးချေဖွယ်ရှိတယ်လို့ ဆိုပါတယ်။ 

အေဘရာမိုဗစ်ဟာ ဗြိတိန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရင်ဆိုင်ရနိုင်တဲ့ အနေအထားမှာ ရှိနေတာဖြစ်ပြီး တကယ်တမ်းသာ ဒဏ်ခတ်ခံရမယ်ဆိုရင် ချယ်လ်ဆီးအပေါ် ထိခိုက်မှုက အနည်းနဲ့အများဆိုသလို ရှိလာမှာပါ။ ဒီအတွက် သူက အသင်းအုပ်ချုပ်ရေးပိုင်းကနေ နုတ်ထွက်ခဲ့သလို ရောင်းချမယ်လို့လည်း ပြောဆိုခဲ့ကာ ထိခိုက်မှုနည်းပါးအောင် ပြင်ဆင်လာခဲ့တာစ်ပါတယ်။ 

လက်ရှိမှာတော့ ချယ်လ်ဆီးကို ဝယ်ယူနိုင်မယ့်သူက လက်တဆုပ်စာ အနေအထားသာရှိတယ်လို့ သိရပါတယ်။ Todd Boehly ကတော့ ပေါင် ၅ ဘီလီယံကြွယ်၀တယ်လို့သိရပြီး ဆွစ်ဇာလန်သူဌေးကတော့ ပေါင် ၃.၈ ဘီလီယံအထိကြွယ်၀တယ်လို့ သိရပါတယ်။ အခုအခါမှာ သူတို့က ချယ်လ်ဆီးရဲ့ ပူးတွဲအသင်းပိုင်ရှင်သစ်တွေဖြစ်လာဖို့ ဆန္ဒရှိနေပြီး ဝယ်ယူဖို့ ကြိုးပမ်းရာမှာ အောက်ကြေးနှိုက်မယ့် သဘောမှာလည်းရှိနေပါတယ်။ 


မိုဗစ်အနေနဲ့ မဖြစ်မနေ ရောင်းချရဖို့ရှိလာခဲ့မယ်ဆိုရင်တော့ သူ တောင်းဆိုထားတဲ့စျေးနှုန်းကို ရရှိဖို့ လွယ်ကူမှာမဟုတ်ဘဲ ဝယ်ယူသူဘက်က ကမ်းလှမ်းမယ့်စျေးနှုန်းပေါ်ကိုသာ မူတည်ပြီး စဉ်းစားဆုံးဖြတ်ရဖွယ်ရှိနေပါတယ်။ 

Share

Loading Next Article...
က္က