ချဲလ်ဆီးနဲ့ပွဲမတိုင်ခင် ပြောကြားခဲ့တာပါ။

အာဆင်နယ်နည်းပြ အာတီတာကတော့ သူတို့အနေနဲ့ ချဲလ်ဆီးကို အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်တက်လှမ်းရမှာဖြစ်ကြောင်းနဲ့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်စွမ်းရှိဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ ဒီနေ့ညမှာ ချဲလ်ဆီးကို အိမ်ကွင်း အမ်းမရိတ်စ်မှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။



ဒီပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ အာတီတာက အသင်းရဲ့ ချန်ပီယံဆုမျှော်လင့်ချက်နဲ့ ပတ်သက်လို့ ဖွင့်ဟခဲ့ပြီး ချဲလ်ဆီးကို အနိုင်ယူဖို့အတွက်ပါ ပြောကြားခဲ့တာပါ။ အာတီတာက “မနက်ဖြန်ဆိုရင် ကျွန်တော်တို့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်တာ (၂၄၈) ရက်ရှိသွားမှာပေါ့။ ကျွန်တော် ဒါကိုပဲ လိုချင်တာပါ။ ချဲလ်ဆီးကို အနိုင်ကန်နိုင်ရင် အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်ရောက်ပါမယ်”

“တကယ့်လက်တွေ့က အခု (၂၄၇) ရက်ရှိပါပြီ။ ကျွန်တော်တို့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တာပေါ့။ ကျွန်တော်တို့ အဲ့ဒီနေရာမှာ ဆက်နေနိုင်စွမ်းရှိပါတယ်။ နောက်ထပ် (၅) ပွဲ ကျန်ပါသေးတယ်။ ဒါက ခံစားချက်အရ ပြောတာမဟုတ်ပါဘူး။ တကယ့်ကို ခံယူချက်ပြင်းထန်တဲ့ ရည်မှန်းချက်တစ်ခုအကြောင်းကို ပြောနေတာပါ”

“ကျွန်တော်တို့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်စွမ်းရှိပါသေးတယ်။ နောက်ထပ် (၅) ပွဲ ကစားရဦးမှာပါ။ ကျွန်တော်တို့ လုပ်ရမှာက ပြီးခဲ့တဲ့အပတ်မှာ မန်စီးတီးကို ၄-၁ ဂိုးနဲ့ ရှုံးခဲ့တဲ့ကိစ္စကို မေ့ပစ်ဖို့ပါ။ အီတီဟတ်မှာ ဖြစ်ခဲ့တာတွေကို မေ့ပစ်ဖို့က အချိန်လိုပါတယ်။ အခု ကျွန်တော်တို့ အိမ်ကွင်းမှာ လန်ဒန်ဒါဘီပွဲ ကစားရတော့မှာပါ။ အရာအားလုံးကို သူ့နေရာနဲ့သူ ရှိနေအောင် လုပ်ရပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေညက မန်စီးတီးတို့ ဖူလ်ဟမ်ကို အနိုင်ယူပြီးနောက် အာဆင်နယ်တို့ မန်စီးတီးထက် (၁) ပွဲ အသာကစားပြီး အမှတ်ပေးဇယားထိပ်ဆုံးကနေ ဖယ်ပေးလိုက်ရပါတယ်။ ဒီနေ့ညမှာ ချဲလ်ဆီးကို အနိုင်ရရင် အာဆင်နယ်တို့ အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်ရယူနိုင်မှာဖြစ်ပေမယ့် မန်စီးတီးက အာဆင်နယ်ထက် ပုံမှန် (၂) ပွဲ လျော့နေတာကြောင့် အာဆင်နယ်တို့ ချန်ပီယံဆုအတွက် ရုန်းကန်ရတော့မှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က