မန်စီးတီးဟာ ဒီနိုင်ပွဲကြောင့် ရမှတ် (၁၃) မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာအထိကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

မန်စီးတီးတိုက်စစ်မှူး ဂါဘရီရဲယ်ဂျေးဆုက ချဲလ်ဆီးကို အနိုင်ရရှိခဲ့တဲ့ပွဲက မန်စီးတီးရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ လျှို့ဝှက်ချက်တွေကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒီပွဲမှာ မန်စီးတီးက တိုက်စစ်၊ ချဲလ်ဆီးက ခံစစ်အသွင်နဲ့အားပြိုင်ခဲ့ကြတာဖြစ်ပြီး ပွဲအပြီးမှာတော့ ဂျေးဆုရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ပွဲအပြီး မီဒီယာနဲ့တွေ့ဆုံရာမှာ ဂျေးဆုက “ကျွန်တော် အခုပြောချင်တာက တခြားအသင်းတွေအတွက် မဟုတ်ပါဘူး။ ကျွန်တော်တို့က အမြဲတမ်းကောင်းကောင်းကစားချင်ပြီး တစ်ခါတလေမှာတော့ ပုံစံကောင်းမပြသနိုင်ပါဘူး”


“ဒါပေမယ့် ကျွန်တော်တို့ ဘောလုံးကိုင်ထားတဲ့အချိန် တိုက်စစ်ဆင်နိုင်တဲ့အချိန်တွေမှာ အခွင့်အရေးတွေဖန်တီးနိုင်ဖို့၊ ဂိုးတွေသွင်းနိုင်ဖို့ ထိပ်တန်းကစားသမားတွေရှိပါတယ်။ ဒီပွဲကို ကျွန်တော်တို့ ပုံစံအတိုင်း ကောင်းကောင်းကစားနိုင်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ချဲလ်ဆီးက ဥရောပချန်ပီယံအသင်းတစ်သင်းဖြစ်ပြီး ကစားသမားကောင်းတွေအများကြီး ပိုင်ဆိုင်ထားပါတယ်”


“ဒီတော့ ကျွန်တော်တို့အတွက် ခက်ခဲခဲ့ပေမယ့် ကောင်းကောင်းကစားနိုင်ခဲ့ပြီး အနိုင်လည်းရခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ သူသွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့ပတ်သက်လို့လည်း ဂျေးဆုက “ကျွန်တော် ဒီလိုမျိုး ကောင်းကောင်းလှည့်နိုင်မယ်မထင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ တစ်ခါတလေ ဒီလိုလုပ်ရတာ ခက်ခဲလို့ပါ။ ဒါပေမယ့် ကျွန်တော် လှည့်ထွက်ခဲ့ပြီး ကန်သွင်းခဲ့ပါတယ်”


“တော်တော်လေး ကံကောင်းခဲ့တာပါ။ ဒါပေမယ့် ဂိုးသွင်းနိုင်လို့ ကျွန်တော် ပျော်ရွှင်ရပါတယ်။ အရေးကြီးဆုံးက အားလုံးကစားခွင့်ရပြီး ကျွန်တော်တို့ နိုင်ပွဲရဖို့ပါ” လို့ပြောကြားခဲ့ပါတယ်။ မန်စီးတီးဟာ ဒီနိုင်ပွဲကြောင့် ရမှတ် (၁၃) မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာအထိကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

Share

က္က