လီဗာပူးကလည်း ကမ်းလှမ်းခဲ့သေးတာပါ။

ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ဘရိုက်တန်ကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့တဲ့ ကိုင်စီဒိုက ချဲလ်ဆီးကို ရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်း ဖွင့်ဟလိုက်ပါတယ်။ အဆိုပါ ကွင်းလယ်လူအတွက် ချဲလ်ဆီးတို့ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) အထိ အသုံးပြုခဲ့ရတာဖြစ်ပါတယ်။



ကိုင်စီဒိုကို ခေါ်ယူဖို့အတွက် လီဗာပူးကလည်း ကြိုးစားခဲ့ပါတယ်။ လီဗာပူးနဲ့ ဘရိုက်တန်အကြား သဘောတူညီမှုရရှိခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က လီဗာပူးကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ပြီး ချဲလ်ဆီးကိုသာ ရွေးချယ်သွားခဲ့တာပါ။
ဒီလိုမျိုး ချဲလ်ဆီးကို ကိုင်စီဒို ရွေးချယ်သွားခဲ့တာနဲ့ပတ်သက်လို့ လီဗာပူးနည်းပြ ကလော့ပ်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ “ကိုင်စီဒို ဘာဖြစ်နေသလဲကြည့်လိုက်” ဆိုတဲ့ သဘောမျိုးနဲ့ မီဒီယာတွေမှာ သွယ်ဝိုက် ထိုးနှက်ခဲ့ပါသေးတယ်။ ဒါပေမယ့် ကိုင်စီဒိုကတော့ ချဲလ်ဆီးကို ရွေးချယ်ခဲ့တဲ့အပေါ် နောင်တရဟန်မရှိပါဘူး။
ကိုင်စီဒိုက “ကျွန်တော် ချဲလ်ဆီးနဲ့ အချိန်အတော်ကြာ ဆွေးနွေးခဲ့ပြီး သူတို့ကို ငြင်းဆန်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က ကျွန်တော့်ကို တောက်လျှောက် အားပေးခဲ့ကြတာလေ။ ပြီးခဲ့တဲ့နွေရာသီမှာ ကျွန်တော် တော်တော်လေး ဒုက္ခရောက်ခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ ဘရိုက်တန်ကို စွန့်ခွာရတာ တော်တော်ရှုပ်ထွေးပါတယ်”
“နောက်ဆုံးအချိန်မှာ လီဗာပူးက ကျွန်တော့်ကို ကမ်းလှမ်းခဲ့ပေမယ့် အရမ်းနောက်ကျသွားခဲ့ပါပြီ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ချဲလ်ဆီးအတွက် ကစားပေးချင်ခဲ့ပြီး ချဲလ်ဆီးကို ငြင်းဆန်ဖို့ဆိုတာ ခက်ခဲကြမ်းတမ်းခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က