တိုက်စစ်ကစားသမားတွေ ဒဏ်ရာပြသနာကြုံနေရပါတယ်။

လာမယ့်ပွဲစဉ်ဟာ နူနိုဆန်တိုအတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်နေပြီး ပြိုင်ဘက်က အကောင်းဆုံးခြေစွမ်းပြနေတဲ့ ချယ်လ်ဆီးဖြစ်နေလို့ ဒဏ်ရာပြသနာတွေက ထိုးနှက်ချက်ဖြစ်လာခဲ့ပါတယ်။ 


လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချယ်လ်ဆီးနဲ့ကစားသွားရမယ့် စပါးအသင်းဟာ ဆွန်ဟောင်မင်ဒဏ်ရာရရှိနေလို့ အခက်တွေ့နေချိန်မှာပဲ တိုက်စစ်အားသန်ကစားသမားတွေဖြစ်တဲ့ ဘာဝိန်းနဲ့ မော်ရာတို့ပါ ထပ်မံဒဏ်ရာရရှိခဲ့လို့ စိတ်ပျက်စရာဖြစ်လာခဲ့ရပါတယ်။ သူတို့နှစ်ဥိးဟာ ယူရိုပါကွန်ဖရင့်ပွဲအဖြစ် ရန်းနက်စ်နဲ့ ၂ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ အမှတ်ပေးပွဲစဉ်မှာ ရှုံးပွဲလုံးဝမရှိသေးတဲ့ စပါးဟာ ခရစ္စတယ်ပဲလေ့စ်ကို အံ့အားသင့်ဖွယ်ရာ ၃-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ အဆိုပါပွဲမှာ ဆွန်ဟောင်မင်မပါဝင်ခဲ့လို့ စပါးတိုက်စစ်အသက်မဲ့ခဲ့ရပြိး ဟယ်ရီကိန်းကလည်း ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။ လာမယ့်ပွဲစဉ်ဟာ နူနိုဆန်တိုအတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်နေပြီး ပြိုင်ဘက်က အကောင်းဆုံးခြေစွမ်းပြနေတဲ့ ချယ်လ်ဆီးဖြစ်နေလို့ ဒဏ်ရာပြသနာတွေက ထိုးနှက်ချက်ဖြစ်လာခဲ့ပါတယ်။ 

"တကယ် နာကျင်ရပါတယ်၊ တနင်္ဂနွေနေ့အတွက် ပြောဖို့ စောသေးပါတယ်၊ အသင်းဆရာဝန်တွေနဲ့ သူတို့ အလုပ်လုပ်နေကြပါတယ်၊ သူတို့ ကြံ့ခိုင်မှုပြည့်ဝလာမလားဆိုတာတော့ ကျွန်တော်မသိသေးဘူး၊ အဲဒါက ပြောဖို့ ခက်ပါတယ်၊ နိုင်ငံတကာပွဲတွေအပြီး ကစားရချိန်မှာ တော်တော်လေးအခက်တွေ့ရပါတယ်၊ ဒါ ပွင့်ပွင့်လင်းလင်းပြောတာပါ၊ ဖုံးကွယ်ထားစရာဘာမှမရှိပါဘူး၊ ဒါပေမယ့် ဒါက ဘောလုံးပဲလေ" လို့ ရန်းနက်စ်နဲ့ပွဲအပြီးမှာ ဆန်တိုက ပြောဆိုခဲ့ပါတယ်။ 


စပါးအတွက် ဆွန်ဟောင်မင်က ခြေစွမ်းပြနေသူဖြစ်ကာ သူ မပါဝင်နိုင်ချိန်မှာ တိုက်စစ်ပို်င်းအားနည်းချက်တွေရှိနေခဲ့ပါတယ်။ အခုအခါ စပါးတိုက်စစ်ပိုင်းအတွက် ဟယ်ရီကိန်းကိုပဲ အားကိုးရမယ့် အနေအထားမှာရှိနေကာ ခံစစ်ပိုင်းမာကျောတဲ့ ချယ်လ်ဆီးနဲ့ပွဲအတွက်တော့ စိိုးရိမ်စရာဖြစ်နေပါတယ်။ စပါးရဲ့ တိုက်စစ်ကစားသမားတွေ ဒဏ်ရာပြသနာနဲ့ ရင်ဆိုင်ရမှုက ချယ်လ်ဆီးအတွက် လန်ဒန်ဒါဘီပွဲမနွှဲခင် သတင်းကောင်းဖြစ်လာခဲ့ရပါတယ်။ 

Share

က္က