ဂျက်ဆင်က လက်နဲ့ထိခဲ့တာပါ။

လီဗာပူးပရိသတ်တွေဟာ မနေ့ညက ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ်ရာသီ အဖွင့်ပွဲမှာ ရသင့်တဲ့ ပင်နယ်တီမရခဲ့လို့ ဒေါသပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ လီဗာပူးက လူးဝစ်ဒီယက်ဇ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ချဲလ်ဆီးအတွက် ဒီဆာဆီက ချေပဂိုးသွင်းပေးခဲ့ပါတယ်။



ဆာလာ၊ ဘင်ချီဝဲလ်တို့ သက်ဆိုင်ရာအသင်းတွေအတွက် ဂိုးတွေ ထပ်မံ သွင်းယူပေးခဲ့ကြပေမယ့် VAR က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။ ဒုတိယပိုင်းမှာလည်း သွင်းဂိုးတွေကို ထပ်မံမမြင်တွေ့ရတော့တာကြောင့် တစ်ဖက်တစ်ဂိုးစီသရေနဲ့ပဲ ရာသီအဖွင့်ပွဲကို အဆုံးသတ်ခဲ့ကြပါတယ်။

ဒါ့အပြင် ဒီပွဲမှာ လီဗာပူးတို့ ထောင့်ကန်ဘောကတစ်ဆင့် ဒီယက်ဇ် ခေါင်းတိုက်ခဲ့တာကို ပြိုင်ဘက် ချဲလ်ဆီးတိုက်စစ်မှူး ဂျက်ဆင် လက်နဲ့ထိခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ VAR ပြန်ကြည့်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်ရော၊ VAR ကပါ ပင်နယ်တီအဖြစ် မသတ်မှတ်ပေးခဲ့တာကြောင့် လီဗာပူးပရိသတ်တွေ ဒေါသပေါက်ကွဲနေပါတယ်။


လီဗာပူးပရိသတ်တွေက “ပင်နယ်တီမရတဲ့အပေါ် နားမလည်နိုင်ပါဘူး။ သူ့လက်က ခန္ဓာကိုယ်မှာ ကပ်ထားတာမဟုတ်ပါဘူး” “လီဗာပူးက ဓားပြတိုက်ခံလိုက်ရပြန်ပါပြီ။ လက်ထိဘောကက ပင်နယ်တီပါ။ အထူးသဖြင့် ကစားသမားရဲ့ လက်က ဘောလုံးရဲ့ လားရာကို ပြောင်းလဲစေခဲ့တယ်ဆိုရင်ပေါ့”

“ချဲလ်ဆီးပရိသတ်တစ်ယောက်အနေနဲ့ ပြောရရင် လီဗာပူးရဲ့ ပင်နယ်တီဧရိယာထဲမှာ ဒါမျိုးဖြစ်လို့ ပင်နယ်တီမရခဲ့ရင် ဒေါသထွက်မိမှာပါ” လို့ လီဗာပူးပရိသတ်တွေအပြင် ချဲလ်ဆီးပရိသတ်တွေကပါ ဒီဖြစ်ရပ်အပေါ် သုံးသပ်ခဲ့ပါတယ်။ ဒီပွဲကတော့ ပွဲမတိုင်ခင် ကိုင်စီဒိုရဲ့ အပြောင်းအရွှေ့ကိစ္စကြောင့် ပွဲဆူခဲ့ပြီး ပွဲကစားချိန်မှာတော့ နှစ်သင်းလုံး သရေတစ်မှတ်စီ ခွဲယူသွားခဲ့တာပါ။ 

Share

Loading Next Article...
က္က