ကိုယ့်အလုပ်ကိုယ်ဆက်လုပ်နေခဲ့တာဖြစ်ပါတယ်။

အဝေးကွင်းမှာ ချယ်လ်ဆိးကို ၁-၃ နဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ အခွင့်အရေးကောင်းပိုင်ဆိုင်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းသားတွေဟာ အဝတ်လဲခန်းအတွင်းမှာ တိတ်တိတ်ဆိတ်ဆိတ်ပဲ ရှိနေခဲ့တယ်လို့ သိရပါတယ်။ ကလပ်အသင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေရဲ့ ပြောဆိုပုံအရ နောက်တကျော့အတွက်ကို ကစားသမားတွေက သတိထားနေသေးတယ်လို့ သိရပါတယ်။ 

ရီးရဲလ်ဟာ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆိးကို ဆီမီးဖိုင်နယ်အဆင့်မှာအရေးနိမ့်ပြီး ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ ဒီတကြိမ်မှာတော့ ပထမအကျော့မှာပဲ လက်ဦးမှုရယူနိုင်ခဲ့ပြီး တကယ်လို့သာ အဝေးဂိုးစည်းမျဉ်းရှိနေမယ်ဆိုရင် ဆီမီးဖိုင်နယ်ကို သေချာပေါက်တက်လှမ်းနိုင်ပြီလို့တောင် ပြောလို့ရတဲ့အနေအထားမှာရှိနေခဲ့ပါတယ်။ 

သူတို့ဟာ လန်ဒန်ကနေထွက်ခွာခဲ့ပြီးတော့ မက်ဒရစ်ကို မနက် ၅ နာရီမှာ ရောက်ရှိခဲ့ကြပေမယ့် နေ့လည် ၁ နာရီပဲ လာမယ့်ပွဲစဉ်တွေအတွက် လေ့ကျင့်ခန်းဆင်းနေခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ရီးရဲလ်က အောင်ပွဲအပေါ် ယစ်မူးမနေဘဲ လာမယ့်ပွဲတွေအတွက် အသင့်ဖြစ်အောင် ပြင်ဆင်နေတာဖြစ်လို့ တကယ်ချီးကျူးထိုက်ကြောင်း ပရိသတ်တွေက ပြောဆိုနေခဲ့ကြပါတယ်။ 

ရီးရဲလ်ဟာ လာလီဂါဖလားကို ဆွတ်ခူးနိုင်ဖို့လည်း သေချာသလောက်ရှိနေပြီး ချန်ပီယံလိဂ်ဖလားအတွက်လည်း မျှော်လင့်ချက်က ရှိနေတာဖြစ်ပါတယ်။ ဒီနှစ်မှာသာ ရီးရဲလ်တို့ ချန်ပီယံလိဂ်ဖလားဆွတ်ခူးခဲ့မယ်ဆိုရင် ၁၄ ကြိမ်မြောက်ရရှိမှုဖြစ်လာမှာဖြစ်ပြီး စံချိန်သစ်ထပ်တင်နိုင်တော့မှာလည်းဖြစ်ပါတယ်။ လာမယ့် ဒုတိယအကျော့ပွဲကိုတော့ ဧပြီလ ၁၃ ရက်နေ့မှာ ကစားသွားမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က