ပီအက်စ်ဂျီက ပေါင် ၇၆ သန်းရရင်​ ရောင်းမယ်လို့လည်း သတင်းတွေထွက်နေပါတယ်။

ပီအက်စ်ဂျီကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့နေမာကို ချယ်လ်ဆီးက ခေါ်ယူချင်တယ်ဆိုတဲ့ သတင်းတွေဆက်တိုက်ထွက်ပေါ်လာပါတယ်။ အခုဆိုရင် နေမာက ချယ်လ်ဆီးကိုရောက်ရှိဖို့အတွက် ဘွတ်ကီတွေအလေးပေးမှုမှာ ထိပ်ဆုံးနေရာကိုရောက်ရှိနေတယ်လို့ Squawka က ဖော်ပြခဲ့ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အပြောင်းအရွှေ့ဇာတ်လမ်းတခုဖြစ်လာခဲ့ပါပြီ။ 

နေမာကို ပေါင် ၇၆ သန်းရရှိရင် ရောင်းထုတ်မယ်လို့ ပီအက်စ်ဂျီဘက်က ဆုံးဖြတ်ထားကြောင်း ပြီးခဲ့တဲ့တပတ်က သတင်းတွေထွက်ခဲ့တာပါ။ ဘတ်ပီကို စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့မှု၊ မက်ဆီက လာမယ့်ရာသီမှာ​ ခြေစွမ်းပြနိုင်မယ်လို့ ယုံကြည်ထားမှုတွေနဲ့အတူ ပီအက်စ်ဂျီက အသင်းအတွက် အရေးကြီးပွဲတွေဆိုရင် မကစားပေးနိုင်တဲ့ နေမာကို ရောင်းချဖို့အတွက် စီစဉ်ခဲ့တယ်လို့ သိရပါတယ်။ 

နေမာဟာ ပြီးခဲ့တဲ့ရာသီက လီဂူး ၁၃ ဂိုးသာရရှိထားပြီး ချန်ပီယံလိဂ် ၆ ပွဲကစားခဲ့ရာမှာ တဂိုးမှမရရှိခဲ့ပါဘူး။ ဥရောပအောင်မြင်မှုကို မက်မောနေတဲ့ ပီအက်စ်ဂျီအတွက်တော့ နေမာရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကခြေစွမ်းက စိတ်ပျက်စရာတော့ကောင်းနေခဲ့ပါတယ်။ နေမာကို ဝယ်ယူစဉ်မှာ ပေါင် ၁၉၈ သန်းအထိ ပေးခဲ့ရပေမယ့်လည်း လက်ရှိမှာ​ ပေါင် ၇၆ သန်းနဲ့ အရှုံးခံရောင်းချဖို့အတွက် သတင်းတွေထွက်လာခဲ့တာပါ။ 

တဖက်မှာလည်း ချယ်လ်ဆီးနည်းပြတူချယ်လ်က ပီအက်စ်ဂျီမှာ နေမာနဲ့လက်တွဲခဲ့ဖူးပြီး လက်ရှိအချိန်မှာ တိုက်စစ်မှူးလိုအပ်ချက်ရှိနေတာပါ။ လူကာကူကို အင်တာမီလန်ဆီအငှားချခဲ့ပြီးနောက် ချယ်လ်ဆီးမှာ တိုက်စစ်မှူးစစ်စစ်အဖြစ် တီမိုဝါနာတဦးတည်းသာရှိနေတော့တာဖြစ်ပြိး ရစ်ချာလီဆန်ကိုလည်း ဆက်သွယ်နေတယ်လို့သိရကာ နေမာကို တော့ဒ်ဘိုလေက ခေါ်ယူနိုင်ဖွယ်ရှိတယ်လို့ သတင်းတွေက ဆက်တိုက်ထွက်ပေါ်နေလို့ စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က