စပါးစ်၊ ချဲလ်ဆီး၊ ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်တို့လို အသင်းတွေနဲ့ သတင်းထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

ဂျူလီယန် နာဂယ်စ်မန်းဟာ ချဲလ်ဆီးအသင်းနည်းပြသစ်ဖြစ်လာဖို့ ပြောဆိုမှုတွေကို ရုတ်သိမ်းခဲ့ပြီးနောက် တော့တင်ဟမ်ဟော့စပါးနည်းပြအလုပ်ကို လက်ခံဖို့ အလေးအနက် စဉ်းစားနေတယ်လို့ ဂျာမနီက သတင်းတွေအရ သိရပါတယ်။

 

အသက် ၃၅ နှစ်အရွယ် နည်းပြဟာ ဘိုင်ယန်မြူးနစ်အသင်းကို ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်အောင်နဲ့ ချန်ပီယံလိဂ်မှာ ၁၀၀ ရာခိုင်နှုန်း နိုင်ပွဲစံချိန်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့လမှာ နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

 

နာဂယ်စ်မန်းဟာ ဥရောပတလွှားက နည်းပြအလုပ်တွေနဲ့ မကြာသေးမီမှာ လစ်လပ်တော့မယ့် နည်းပြရာထူးအတွက် ရေပန်းအစားဆုံးနည်းပြတွေထဲက တစ်ဦးဖြစ်လာခဲ့တာဖြစ်ပြီး စပါးစ်၊ ချဲလ်ဆီး၊ ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်တို့လို အသင်းတွေနဲ့ သတင်းထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

 

နာဂယ်စ်မန်းဟာ အသင်းသစ်ကို မရွေးချယ်ခင်မှာ ခဏတာ အနားယူချင်နေတာဖြစ်ပြီး စပါးစ်နဲ့ ချဲလ်ဆီးတို့ဟာ နည်းပြ ကွန်တီ၊ ပေါ့တားတို့နဲ့ လမ်းခွဲပြီးနောက် ကနဦး ချဉ်းကပ်မှုတွေကို ပြုလုပ်ခဲ့ရာမှာ ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

 

နာဂယ်စ်မန်းဟာ အနောက်လန်ဒန်ကလပ်အသင်းနဲ့ ပြောဆိုဆွေးနွေးမှုပြုလုပ်ခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းဟာ လိုက်ပ်ဇစ်မှာ လူငယ်နည်းပြနဲ့ အလုပ်အတူတူလုပ်ခဲ့တဲ့ နည်းစနစ် ဒါရိုက်တာ ခရစ္စတိုဖာ ဗီဗဲလ်ကြောင့် သဘောတူညီမှုရဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရှိနေခဲ့ပုံပေါ်ခဲ့တာဖြစ်ပါတယ်။

 

ဒါပေမယ့်လည်း သောကြာနေ့မှာ ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရ နာဂယ်စ်မန်းဟာ ချဲလ်ဆီးအသင်းရဲ့ အင်တာဗျူးအစီအစဉ်တွေကနေ နုတ်ထွက်ဖို့ ရွေးချယ်ခဲ့တယ်လို့ သိရပြီး အနေက်လန်ဒန်ကလပ်အသင်းကတော့ ၎င်းတို့က ပြောဆိုဆွေးနွေးမှုတွေကို ရပ်တန့်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

 

လက်ရှိမှာတော့ BILD ရဲ့ သတင်းအရ ဟော်ဖန်ဟိမ်းနည်းပြဟောင်းဟာ တော့တင်ဟမ်ဟော့စပါးကို နည်းပြဖို့အတွက် ပိုမို ဆန္ဒရှိနေပြီး မြောက်လန်ဒန်ကလပ်အသင်းနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

နာဂယ်စ်မန်းဟာ ကွန်တီကို ပထမဆုံး နည်းပြအဖြစ် ထုတ်ပယ်ခဲ့ချိန်မှာ စပါးစ်ကို ငြင်းပယ်ခဲ့ပေမယ့်လည်း အဲဒီအချိန်တုန်းက ဘိုင်ယန်မြူးနစ်ရဲ့ အံ့အားသင့်ဖွယ် ထုတ်ပယ်ခံရပြီးနောက် နည်းပြအလုပ်ကို ချက်ချင်း ပြန်မလုပ်ချင်သေးတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

 

ဂျူလီယန် နာဂယ်စ်မန်းဟာ အမှန်တကယ်ပဲ တော့တင်ဟမ်ဟော့စပါးကို နှစ်သက်ပြီး နည်းပြ ပိုချက်တီနို လက်အောက်မှာတုန်းက စပါးစ်ပွဲတွေကို ကြည့်ရှုခဲ့သလို တော့တင်ဟမ်ဟော့စပါးဂျာစီကိုတောင် ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

 

လက်ရှိမှာတော့ နာဂယ်စ်မန်းဟာ အထိုက်အလျောက် အားလပ်ရက် ရခဲ့ပြီးဖြစ်သလို ၎င်းရဲ့ ရွေးချယ်စရာတွေကို စဉ်းစားဖို့ အချိန်ရခဲ့တာကြောင့် တော့တင်ဟမ်ဟော့စပါးကို တာဝန်ယူကိုင်တွယ်သွားချင်နေတယ်ပြီး ဒီရွေးချယ်စရာကို အလေးအနက်စဉ်းစားနေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က