တော့ဒ်ဘိုလေရဲ့ ဝယ်ယူခဲ့မှုမှာ ဆော်ဒီက မပါဝင်ဘူးဆိုတာကို ပြသရမှာပါ။

ပရီးမီးယားလိဂ်ဟာ ချယ်လ်ဆီးအနေနဲ့ အသင်းကိုပိုင်ဆိုင်မှုမှာ ဆော်ဒီအများပြည်သူရင်းနှီးမြုပ်နှံမှုရန်ပုံငွေ (SAPIF) က ပါဝင်ပတ်သက်မှုမရှိဘူးဆိုတာကို သက်သေပြဖို့ တောင်းဆိုခဲ့တယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။ 

အယ်လ်နာဆာကို ရော်နယ်ဒိုပြောင်းရွှေ့ခဲ့ပြီးနောက် ဆော်ဒီပရိုလိဂ်ဟာ ဥရောပနာမည်ကျော်ကစားသမားတွေကို ခေါ်ယူဖို့ တော်တော်လေးကြိုးပမ်းခဲ့ပြီး အယ်လ်အီတီဟတ်က ဘန်ဇီမာကို ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ချယ်လ်ဆီးကစားသမားတွေဖြစ်တဲ့ အန်ဂိုလိုကန်တေ၊ ဟာကင်မ်ဇီယက်ချ်၊ ကူလီဘလီ နဲ့ မန်ဒီတို့ဟာ ရက်ပိုင်းအတွင်းမှာပဲ ဆော်ဒီကလပ်အသီးသီးကို ပြောင်းရွှေ့သွားခဲ့ကြပါတယ်။ 

ချယ်လ်ဆိးကစားသမားတွေ ဆော်ဒီကို အတူတူပြောင်းရွှေ့ခဲ့တဲ့အပေါ်မှာ စိုးရိမ်မှုတွေလည်း ရှိလာခဲ့ကြပြီး ဂယ်ရီနဗီးလ်နဲ့ ကာရေဂါတို့က ဒီအပြောင်းအရွှေ့တွေကို စစ်ဆေးဖို့အတွက် လုပ်ဆောင်သင့်တယ်လို့ တိုက်တွန်းခဲ့ကြပါတယ်။

အခုအခါမှာတော့ တော့ဒ်ဘိုလေရဲ့ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးကို ဝယ်ယူခဲ့မှုမှာ ဆော်ဒီက အစိတ်အပိုင်းတခုအနေနဲ့ မပါဝင်ဘူးဆိုတာကို သက်သေပြဖို့အတွက် တောင်းဆိုခဲ့တယ်လို့ Telegraph က ဖော်ပြခဲ့ပါတယ်။

ချယ်လ်ဆီးဟာ ပိုင်ရှင်သစ်အပြောင်းအလဲဖြစ်ခဲ့ပြီးနောက်မှာ ပေါင်သန်း ၆၀၀ ဖိုးအထိ ကစားသမားသစ်တွေကို ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် အသင်းကအောင်မြင်မှုမရခဲ့ဘဲ အမှတ်ပေးဇယားအဆင့် ၁၄ နေရာမှာ ရပ်တည်ခဲ့တဲ့အထိ အခြေအနေဆိုးရွားခဲ့ပြီး အခုအခါ ပိုလျှံနေတဲ့ ကစားသမားတွေကို ရောင်းထုတ်နေတာလို့ ပရိသတ်တွေက နားလည်ထားကြပါတယ်။ 

Share

Loading Next Article...
က္က