ဇီဒန်းကို ချယ်လ်ဆီးဘက်က စိတ်ဝင်စားမှုတွေ ပြသခဲ့ပါသေးတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းက ချယ်လ်ဆီးနည်းပြရာထူးကို သူ စိတ်မဝင်စားရတဲ့အကြောင်းရင်းက အင်္ဂလိပ်စကားပြော အားနည်းတာကြောင့်လို့ ပြောဆိုလိုက်ပါတယ်။ ရီးရဲလ်ကို ချန်ပီယံလိဂ်ဖလား ၃ ကြိမ်ဆက်တိုက်ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ ဇီဒန်းဟာ လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေပြီး အေးအေးဆေးဆေး အနားယူနေကာ နည်းပြလောကထဲ ပြန်လည်ဝင်ရောက်ဖို့တော့ ပစ်မှတ်ထားနေပါတယ်။ 

ဂရေဟမ်ပေါ်တာကို ချယ်လ်ဆိးက ထုတ်ပယ်ပြီးနောက် နည်းပြမရှိဖြစ်နေချိန်မှာ ဇီဒန်းနဲ့လည်း သတင်းတွေထွက်ခဲ့ပါတယ်။ လက်ရှိမှာ ချယ်လ်ဆီးက နည်းပြဟောင်းဖရန့်လမ်းပတ်ကို ရာသီကုန်အထိ ယာယီနည်းပြအဖြစ် ကိုင်တွယ်ပေးဖို့ ကမ်းလှမ်းခဲ့မှုက သဘောတူညီမှုရရှိခဲ့တယ်လို့ သတင်းတွေထွက်နေကာ ချယ်လ်ဆီးပရိသတ်အများအပြားက ဇီဒန်းကို အလိုရှိနေတယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။ 

ဇီဒန်းရဲ့ ပြင်သစ်အသင်းဖော်ဟောင်းဖြစ်သူ ပီတစ်က "သူ ချယ်လ်ဆီးကို လာမှာမဟုတ်ပါဘူး၊ အဲဒါကတော့ အတိအကျပဲ၊ ဘာလို့လဲဆိုတော့ သူ အင်္ဂလိပ်လိုမပြောတတ်လို့ပါ၊ ဇီဒန်းရဲ့ သူ့ကစားသမားတွေကို ကိုင်တွယ်တဲ့နည်းလမ်းကို ကျနော်သိတယ်၊ သူက ကစားသမားတွေနဲ့ အရမ်းနီးနီးစပ်စပ်ရှိတယ်၊ သူ့ကစားသမားတွေနဲ့ အချိန်ပြည့်စကားပြောနေတာ"

"ပေါင်းသင်းဆက်ဆံမှုက သူ့ရဲ့ ပထမဦးစားပေးပဲ၊ သူ့အတွက် အဲဒါက အရမ်းအရေးကြီးတယ်၊ သူ ပြောချင်တာတွေအကုန်လုံးကို တယောက်ယောက်က ဘာသာပြန်ပေးနေရတာမျိုးကို သူက မကြိုက်ဘူး၊ လူမြင်ကွင်းမှာဆိုရင်လည်း အဲဒီလိုပါပဲ၊ ဒါက ရိုးရှင်းပါတယ်" လို့ Metro သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ 

ဇီဒန်းဘက်က အခုလိုမျိုး စိတ်မဝင်စားတာကြောင့် ချယ်လ်ဆီးပိုင်ရှင် တော့ဒ်ဘိုလေက လမ်းပတ်ကို မြှားဦးလှည့်ခဲ့တာလို့လည်း ဆိုပါတယ်။ လမ်းပတ်ကတော့ ချယ်လ်ဆီးက ထုတ်ပယ်ခံရပြီးနောက် အဲဗာတန်ကို ကိုင်တွယ်ခဲ့ပေမယ့် ရလဒ်တွေဆိုးရွားခဲ့လို့ ဇန်နဝါရီလအတွင်း ထုတ်ပယ်ခံခဲ့ရပါတယ်။ 


Share

Loading Next Article...
က္က