အကြိတ်အနယ်ရှိခဲ့ပြီး အချိန်ပိုအထိ အဆုံးအဖြတ်ခံယူခဲ့ရတာပါ။

ရီးရဲလ်မက်ဒရစ်က ပထမအကျော့ လူစာရင်းကနေ ဒဏ်ရာ ပြဿနာရှိနေတဲ့ မီလီတာအိုနေရာ နာချိုဝင်ကစားတာကလွဲရင် ဘာမှအပြောင်းအလဲ မလုပ်ခဲ့ဘဲ ချဲလ်ဆီးကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ပါတယ်။ ချဲလ်ဆီးကတော့ အပြောင်းအလဲတွေရှိခဲ့ပြီး နောက်တန်းမှာ ရီစီဂျိမ်းစ်၊ သီယာဂိုဆေးလ်ဗား၊ ရူဒီဂါတို့ ပွဲထွက်ခဲ့ပါတယ်။



ကွင်းလယ်မှာ ကိုဗာဆစ်၊ ကန်တေတို့ကို တွဲပေးခဲ့ပြီး လော့ဖ်တပ်ချိခ်၊ အလွန်ဆို တိုက်စစ်မှာ မေဆင်မောင့်၊ ဗာနာ၊ ဟာဗက်ဇ်တို့ ပါဝင်လာခဲ့ပါတယ်။ ချဲလ်ဆီးက မဖြစ်မနေ ဂိုးပြတ်အနိုင်ရဖို့ လိုအပ်ခဲ့ပြီး ရီးရဲလ်ကတော့ အရဲမစွန့်ဘဲ ပွဲကို အခြေအနေကြည့်ပြီး ထိန်းချုပ်ဖို့သာ ကြိုးစားခဲ့ပါတယ်။

ချဲလ်ဆီးအတွက် ကံကောင်းခဲ့တာက စောစောစီးစီး ဦးဆောင်ဂိုးရရှိခဲ့တာဖြစ်ပြီး မထင်မှတ်တဲ့ အနေအထားကနေ မေဆင်မောင့် ပိုင်ပိုင်နိုင်နိုင် ကန်သွင်းခွင့်ရသွားခဲ့တာဖြစ်ပါတယ်။ ဒီဂိုးကြောင့်ပဲ ချဲလ်ဆီးတို့ ယုံကြည်ချက်ပိုရှိသွားပြီး ဒုတိယပိုင်းမှာလည်း ရီးရဲလ်ကိုသရေအနေအထားအထိ လိုက်ကစားနိုင်ခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ကတော့ ဒီပွဲအတွက် သွေးနည်းနည်းအေးနေတဲ့ အခြေအနေမှာရှိသလို မြင်တွေ့ခဲ့ရပါတယ်။ ဒုတိယပိုင်းစတာနဲ့ ချဲလ်ဆီးကပဲ ဆက်တိုက် တိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့ပြီး ဒုတိယမြောက် ချေပဂိုးကိုရရှိခဲ့ပါတယ်။ အငြင်းပွအငြင်းပ့ပြီး ဒုတိယမြောက် ချေပးဂားခြ့ပင်နိုင် ကန်သားဖွယ်အနေအထားကနေ ပေးလိုက်ရတဲ့ ထောင့်ကန်ဘောကတဆင့် ရူဒီဂါက လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းသွားခဲ့တာပါ။

နှစ်ကျော့ပေါင်းသရေဖြစ်သွားတဲ့နောက် ရီးရဲလ်ကလည်း ချေပဂိုးပြန်ရဖို့ ကြိုးစားလာခဲ့ပြီး ချဲလ်ဆီးကလည်း တိုက်စစ်ကိုပဲ ဆက်လက်အာရုံစိုက်ခဲ့ပါတယ်။ ရီးရဲလ်ရဲ့ ဒီပွဲကစားပုံက အားနည်းချက်တွေရှိခဲ့ပြီး အလွန်ဆိုရဲ့ သွင်းဂိုး လက်ထိတာကြောင့် VAR နဲ့ ပယ်ဖျက်ခဲ့ရတာကလည်း ကံကောင်းခဲ့ပါတယ်။ ဒီဖြစ်ရပ်အပြီး ချက်ချင်းဆိုသလိုပဲ ဘန်ဇီမာရဲ့ ခေါင်းတိုက်ချက် ဘားတန်းထိထွက်ခဲ့ပါတယ်။

ဗာနာရဲ့ဂိုးမပေးရခင်အချိန်ထိ ရီးရဲလ်ကစားပုံက မေးခွန်းထုတ်စရာကောင်းခဲ့ပြီး ဗာနာရဲ့ သွင်းဂိုးကိုပါ ထပ်မံခွင့်ပြုလိုက်ရပါတယ်။ ဒီအနေအထားမှာ ရီးရဲလ်နောက်တန်းတတန်းလုံးက အမှားအယွင်းရှိခဲ့ပြီး ဗာနာက ရီးရဲလ်ကစားသမားတွေကို လှည့်စားကာ ကန်သွင်းယူသွားခဲ့ပါတယ်။

ရီးရဲလ်တို့ ကံကောင်းခဲ့တာက မိုဒရစ်ရဲ့ လှပတဲ့ ဖန်တီးပေးမှုကတဆင့် လူစားဝင်ကစားသမား ရိုဒရီဂိုရဲ့ ချေပဂိုးတဂိုး ချက်ချင်းဆိုသလို ပြန်လည်ရရှိခဲ့တာပါ။

နောက်ပိုင်းမှာတော့ နှစ်သင်းလုံး သတိကြီးကြီးထားကစားခဲ့ပြီး အချိန်ပိုရောက်ခဲ့ပါတယ်။ အချိန်ပိုမှာတော့ ရီးရဲလ်တို့ နောက်ထပ်ချေပဂိုးထပ်ရခဲ့ပြီး ဗီနီရှပ်စ်ရဲ့ ဖန်တီးပေးမှုကတဆင့် ဘန်ဇီမာက ခေါင်းတိုက်သွင်းယူသွားခဲ့တာပါ။ ချဲလ်ဆီးတို့ ဂိုးထပ်ရဖို့ ကြိုးစားခဲ့ပေမယ့် ဟာဗက်ဇ်၊ ဂျော်ဂျင်ဟိုတို့ရဲ့ ထိုးဖောက်မှုတွေ ဂိုးပေါက်နဲ့လွဲချော်ခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။

ရီးရဲလ်တို့ အိမ်ကွင်းမှာ ၂-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် နှစ်ကျော့ပေါင်းရလဒ် ၅-၄ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာတော့ ရီးရဲလ်တို့ မန်စီးတီးနဲ့ အက်သလက်တီကို တသင်းသင်းနဲ့ ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က