တူဟယ်လ်ကို ယူနိုက်တက်တို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ခဲ့တာပါ။

ချဲလ်ဆီးကို ဝယ်ယူဖို့ ကမ်းလှမ်းထားတဲ့ ဘီလီယံနာ နစ်ခ်ကန်ဒီက သူသာ ချဲလ်ဆီးအသင်းပိုင်ရှင်ဖြစ်လာရင် နည်းပြ တူဟယ်လ်ကို ယူနိုက်တက်ဆီ လက်လွှတ်ခံမှာ မဟုတ်ဘူးလို့ သတိပေးစကား သွယ်ဝိုက်ပြောကြားလိုက်ပါတယ်။



ချဲလ်ဆီးကို ဝယ်ယူဖို့အတွက် ကမ်းလှမ်းမှုတွေကို ပြီးခဲ့တဲ့ သောကြာညက နောက်ဆုံးထားလက်ခံခဲ့ပြီး ဒီအထဲမှာ နစ်ခ်ကန်ဒီကလည်း ချဲလ်ဆီးကို ပေါင် (၂) ဘီလီယံနဲ့ ဝင်ရောက် ကမ်းလှမ်းခဲ့ပါတယ်။

ယူနိုက်တက်ဟာ လာမယ့်နွေရာသီမှာ နည်းပြသစ် ခန့်အပ်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး ချဲလ်ဆီးရဲ့ မရေရာတဲ့ အနာဂတ်တွေကြားမှာ တူဟယ်လ်ကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် တူဟယ်လ်ကတော့ ယူနိုက်တက်နဲ့ပတ်သက်တဲ့ သတင်းတွေကို ငြင်းဆန်ခဲ့ပြီး ချဲလ်ဆီးအပေါ်မှာ သစ္စာစောင့်သိတယ်လို့ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

နစ်ခ်ကန်ဒီဟာ ချဲလ်ဆီးပရိသတ်တယောက်လည်းဖြစ်ပြီး C & P Sports ကုမ္ပဏီ၊ တောင်ကိုရီးယားနိုင်ငံက Hana အဖွဲ့တို့နဲ့ ပူးပေါင်းကာ ချဲလ်ဆီးကို ဝယ်ယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ကန်ဒီက “တူဟယ်လ်က စကားပြောလည်း ပါးနပ်တယ်၊ အပြုအမူတွေကလည်း ပါးနပ်ပါတယ်။ တကယ့်ကို စစ်မှန်တဲ့ ယောက်ျားကောင်းတယောက်ပါ”

“ထိပ်တန်းနည်းပြကောင်းတယောက်ဖြစ်ဖို့၊ ကြီးကျယ်ခမ်းနားတဲ့ လူပုဂ္ဂိုလ်တယောက်ဖြစ်ဖို့က မတူတဲ့အရာပါ။ ဒါပေမယ့် တူဟယ်လ်ကတော့ ထိပ်တန်းနည်းပြတယောက်ဖြစ်တဲ့အပြင် ကြီးကျယ်ခမ်းနားတဲ့ လူပုဂ္ဂိုလ်တယောက်ဆိုတာကိုပါ သက်သေပြနိုင်ခဲ့ပါတယ်။ မီဒီယာတွေ၊ ကစားသမားတွေနဲ့ ပရိသတ်တွေရဲ့ လေးစားမှုကို သူက ရရှိထားပါတယ်”

“ဒီရက်သတ္တပတ်အတွင်း အရမ်းကိုခက်ခဲနေချိန်မှာ သူက အံ့အားသင့်ဖွယ် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်” လို့ ချီးကျူးပြောကြားသွားခဲ့ပါတယ်။ ဒါဟာ ကန်ဒီအနေနဲ့ တူဟယ်လ်ကို ယူနိုက်တက်တို့ခေါ်ယူဖို့ ကြိုးစားနေတဲ့အပေါ်မှာ လက်ရှောင်သွားဖို့ သွယ်ဝိုက်သတိပေးတဲ့သဘောဖြစ်တယ်လို့လည်း The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။ 

Share

Loading Next Article...
က္က