မွတ်ဆလင်တွေကို ရန်သူအဖြစ် သတ်မှတ်ထားသူက ချဲလ်ဆီးကို ဝယ်ယူဖို့ ကြိုးစားနေတာပါ။

လက်ရှိအချိန်မှာ ချဲလ်ဆီးကို ဝယ်ယူဖို့ သတင်းတွေထွက်နေတဲ့ ရစ်ကတ်မိသားစုက ဂျိုးရစ်ကတ်ဟာ တချိန်တုန်းက မွတ်ဆလင်လူမျိုးစုတွေကို သူ့ရဲ့ ရန်သူအဖြစ် ဝေဖန်ကာ လူမျိုးရေးခွဲခြားဖူးသူတယောက်ဖြစ်တယ်လို့ သိရှိရပါတယ်။



(၂၀၁၉) အတွင်းက အီးမေးလ်တစောင်မှာ ဂျိုးရစ်ကတ်က အခုလိုပဲ ဖော်ပြခဲ့တာဖြစ်ပြီး ဒီပုဂ္ဂိုလ်အနေနဲ့ ချဲလ်ဆီးကို ဝယ်ယူမယ်ဆိုရင် ဒီကိစ္စအတွက် အရင်ဆုံးတောင်းပန်ဖို့ လိုအပ်တယ်လို့ ဝေဖန်မှုတွေရှိနေကြပါတယ်။ ရစ်ကတ်မိသားစုဟာ အမေရိကန်ဘေ့စ်ဘောအသင်းတသင်းဖြစ်တဲ့ ချီကာဂိုကပ်ဘ်ကို ပိုင်ဆိုင်ထားပြီး ချဲလ်ဆီးကို ဝယ်ယူဖို့ စိတ်ဝင်စားတဲ့အကြောင်း တရားဝင်ပြောဆိုထားပါတယ်။

ဒေးလီးမေးလ်သတင်းဌာနရဲ့ ဖော်ပြချက်အရ အသင်းပိုင်ရှင်အသစ်ဖြစ်လာနိုင်သူက အခုလိုမျိုး မွတ်ဆလင်တွေအပေါ် ရန်သူအဖြစ် သတ်မှတ်ဆက်ဆံတာက အသင်းမှာရှိတဲ့ ကစားသမားအချို့ကို စိတ်မသက်မသာဖြစ်စေတယ်လို့ သိရှိရပါတယ်။ ချဲလ်ဆီးမှာ ရူဒီဂါ၊ ကန်တေ၊ မာလန်ဆား၊ ဇီယက်ချ်တို့က မွတ်ဆလင်တွေဖြစ်ကြပြီး ရစ်ကတ်သာ အသင်းပိုင်ရှင်ဖြစ်လာခဲ့ရင် ဒီကိစ္စက အစိုင်အခဲတခုသဖွယ်ရှိနေနိုင်ပါတယ်။

ချဲလ်ဆီးကို ဝယ်ယူလိုတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ လာမယ့် သောကြာနေ့ ည (၉) နာရီမတိုင်ခင် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အပြီးသတ်တင်သွင်းရမှာဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။ ချဲလ်ဆီးကို ရောင်းချမယ့် လုပ်ငန်းစဥ်တွေကို ဆောင်ရွက်ပေးမယ့် ကုန်သွယ်ရေးဘဏ် Raine ဟာ ကမ်းလှမ်းမှုတွေထဲက ဆန်ခါတင် စာရင်း (၄) ခုကို ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

ဗြိတိန်အစိုးရဟာ ချဲလ်ဆီးပိုင်ရှင် အေဘရာမိုဗစ်ချ်ရဲ့ ဗြိတိန်ဒေသတွင်း ပိုင်ဆိုင်မှုတွေကို သိမ်းယူထားပြီး ဒီအထဲကမှ အေဘရာမိုဗစ်ချ်ရဲ့နေအိမ်တွေကိုလည်း စစ်ဘေးရှောင် ယူကရိန်းပြည်သူတွေအတွက် အသုံးပြုခွင့်ပေးသွားဖို့လည်း စီစဥ်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က