ယူနိုက်တက်မှာလို ပရိသတ်မုန်းတဲ့ ပိုင်ရှင်မဖြစ်စေရဘူးလို့ ပြောခဲ့တာပါ။

ချဲလ်ဆီးကို ဝယ်ယူဖို့ ကြိုးစားနေတဲ့ နစ်ခ်ကန်ဒီက သူ့အနေနဲ့ အသင်းကို ဝယ်ယူပြီးတဲ့နောက်ပိုင်းမှာလည်း ကွင်းတွင်းကွင်းပြင်မှာ အောင်မြင်တဲ့ အသင်းတသင်းဖြစ်အောင် ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ကတိပေးစကားပြောကြားခဲ့ပါတယ်။



ကန်ဒီဟာ ချဲလ်ဆီးရဲ့ အမာခံပရိသတ်တယောက်ဖြစ်ပြီး ချဲလ်ဆီးကို ဝယ်ယူဖို့ ကမ်းလှမ်းထားတဲ့ ပုဂ္ဂိုလ်တွေထဲမှာ တယောက်အပါအဝင်ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ကွင်းပြင်ပမှာ အောင်မြင်တဲ့ အမှတ်တံဆိပ်တခုအဖြစ်ရှိနေပေမယ့် ကွင်းတွင်းအောင်မြင်မှုတွေနဲ့ ဝေးကွာနေတဲ့ အသင်းတသင်းလည်းဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း ကန်ဒီက “ကျနော်သာ အသင်းကို ဝယ်ယူနိုင်ခဲ့ရင် ဘရုစ်ဘက်ခ်နဲ့မာရီနာတို့ကို အပြောင်းအလဲလုပ်မှာမဟုတ်ပါဘူး။ သူတို့သာ အသင်းမှာဆက်နေဖို့ဆန္ဒရှိရင် ကျနော်လည်း ဆက်ထားမှာပေါ့။ ဘာလို့အပြောင်းအလဲတွေလုပ်နေဦးမှာလဲ။ ဒါပေမယ့် အသင်းကိုတော့ ယူနိုက်တက်လို မဖြစ်စေရပါဘူး”

“ချမ်းသာတဲ့မိသားစုက အသင်းတသင်းကိုပိုင်ဆိုင်တယ်၊ ဒါပေမယ့် ပရိသတ်တွေက မုန်းတီးနေတယ်၊ ဘာလို့လဲ၊ ရင်းနှီးမြှုပ်နှံမှုမလုပ်လို့ပဲ မဟုတ်လား။ ချဲလ်ဆီးပရိသတ်က တရုတ်မှာ သန်း (၁၀၀)၊ အိန္ဒိယမှာ သန်း (၈၀) ကျော်နဲ့ အရှေ့တောင်အာရှမှာဆိုရင် သန်း (၇၀) ကျော်ရှိပါတယ်”

“ပြီးတော့ ဥရောပနဲ့ အမေရိကမှာလည်း ပရိသတ်တွေရှိပါတယ်။ ဒီတော့ အသင်းမှာ ကမ္ဘာ့အဆင့် စုဖွဲ့မှုရှိသင့်တာပဲ မဟုတ်လား။ အဲ့ဒီအတွက်လည်း ကျနော် အခု ချဲလ်ဆီးကို ဝင်ရောက်ကမ်းလှမ်းခဲ့တာပါ” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိချဲလ်ဆီးကို ဝယ်ယူဖို့ ကမ်းလှမ်းထားတဲ့သူ အမြောက်အမြားရှိတယ်လို့ သိရပါတယ်။

အဲ့ဒီအထဲကမှ ဆန်ခါတင် (၃) ယောက်ကို ပြန်လည်စစ်ထုတ်မှာဖြစ်ပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဥ်တွေမတိုင်ခင်မှာ ချဲလ်ဆီးကို ပိုင်ရှင်သစ်လက်ထဲ အပြီးသတ် လွှဲပြောင်းဖို့ ရည်ရွယ်ထားတယ်လို့ သိရှိရပါတယ်။ 

Share

Loading Next Article...
က္က