ရုရှားကိုပါ ကူညီပေးနိုင်တယ်လို့ စိုးရိမ်နေကြတာပါ။

ချယ်လ်ဆီးအသင်းကို ရောင်းချပြီးနောက် ရရှိလာမယ့် ငွေကြေးတွေကို ယူကရိန်းပြည်သူတွေအတွက် လှူဒါန်းသွားမယ်လို့ ရိုမန်အေဘရာမိုဗစ်က ပြောဆိုခဲ့ပေမယ့် အကုန်အစင်ရောက်ရှိမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ သတင်းရင်းမြစ်တခုရဲ့ ပြောဆိုမှုကို ကိုးကားပြီး Independent က ဖော်ပြရာမှာတော့ ရုရှားတပ်ဖွဲ့တွေဆီကိုပါ အဆိုပါငွေကြေးတွေက ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ 

ဒီသတင်းကိုပြောဆိုခဲ့သူက အသေးစိတ်အချက်အလက်တွေကိုတော့ မပြောဆိုခဲ့ဘဲ ငွေအားလုံးကို ယူကရိန်းပြည်သူတွေအတွက် လှူဒါန်းမှာမဟုတ်ဘူးဆိုတာကို အခိုင်အမာပြောဆိုခဲ့တာပါ။ ဒါကြောင့် ကျန်ငွေကြေးတွေဟာ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေတဲ့ ရုရှားတပ်ဖွဲ့တွေကို ထောက်ပံ့ပေးမှုအဖြစ် ပြောင်းလဲသွားမယ့်အပေါ်မှာ စိုးရိမ်နေကြါတယ်။ 

အေဘရာမိုဗစ်က သူ့အသင်းကို အနည်းဆုံး ပေါင် ၃ ဘီလီယံကနေ ရောင်းချသွားဖို့အတွက် စီစဉ်နေတာဖြစ်ပါတယ်။ အဆိုပါငွေကြေးတွေကို သူက ပြန်လည်လှူဒါန်းသွားမယ်လို့ပြောဆိုထားပေမယ့် ဘယ်လောက်ပမာဏလဲဆိုတာက ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ တဖက်မှာလည်း သူက ပူတင်နဲ့ ရင်းနှီးသူတဦးဖြစ်နေတာကြောင့် ရုရှားကို ထောက်ပံ့ပေးမှုတွေဖြစ်လာနိုင်တယ်လို့ ယူဆနေကြတာဖြစ်ပါတယ်။ 

သူဟာ ပူတင်နဲ့ ဆက်နွယ်နေသူလို့ စွပ်စွဲခံခဲ့ရသူဖြစ်ပြီး ဗြိတိန်မှာ နေထိုင်ခွင့်လည်း ငြင်းပယ်ခံထားရပါတယ်။ ဒီသတင်းတွေကိုတော့ အေဘရာမိုဗစ်က ငြင်းဆန်ထားပြီး သူနဲ့ ပူတင်ကြားမှာ စီးပွားရေးအရ ဆက်နွယ်မှုတွေမရှိဘူးလို့ ဆိုထားပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ချမ်းသာကြွယ်၀လာမှုတွေဟာ ပူတင်ရဲ့ ကူညီပေးမှုကြောင့်သာဖြစ်တယ်လို့တော့ အများစုက ယုံကြည်ထားကြပါတယ်။ 

Share

Loading Next Article...
က္က