မီထရိုဗစ်ဖြစ်ရပ်ကို ဆွေးနွေးရင်း ပြောဆိုခဲ့တာပါ။

ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော်ဒိုင်လူကြီးဟောင်းတဦးဖြစ်သူ မာ့ခ်ကလင်တန်ဘာ့ဂျ်က ချယ်လ်ဆီးကွင်းလယ်ကစားသမားဟောင်း ဂျွန်အိုဘီမီခေးခ်က သူ့ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ဖူးကြောင်း ဖွင့်ဟလိုက်ပါတယ်။ အသက် ၄၈ နှစ်အရွယ် ကလင်တန်ဘာ့ဂျ်ဟာ ၂၀၁၆ အထိ ပရီးမီးယားလိဂ်မှာတာဝန်ယူခဲ့ပြီးနောက် တရုတ်နဲ့ ဆော်ဒီတို့အထိ သွားရောက်ကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ယူနိုက်တက်နဲ့ ဖူလ်ဟမ်ပွဲမှာ မီထရိုဗစ်နဲ့ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့ အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး ဒိုင်လူကြီးတွေအပေါ် ကစားသမားတွေရဲ့ ဆက်ဆံပုံအကြောင်းကို ဆွေးနွေးခဲ့ရာမှာ သူက ဖွင့်ဟခဲ့တာပါ။ FA အနေနဲ့ ဒိုင်လူကြီးတွေကို အကာအကွယ်ပေးဖို့လည်း တောင်းဆိုထားပြီး ကလင်တန်ဘာ့ဂျ်ကိုယ်တိုင်က စတန်းဖို့ဒ်ဘရစ်ချ်က ခြိမ်းခြောက်ခံရမှုမှာ သူ ကာကွယ်ပေးခံရမှုမဖြစ်ခဲ့ဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

Daily Mail က တဆင့် သူက ရေးသားပြောဆိုခဲ့ရာမှာ "ဂျွန်အိုဘီမီခေးလ်က စတန်းဖို့ဒ်ဘရစ်ချ်ရဲ့ ဒိုင်လူကြီးအခန်းမှာ ကျနော့်ကို လာကြိမ်းမောင်းသွားခဲ့တာပါ၊ မင်း ခြေထောက်တွေကို ငါ ရိုက်ချိုးပစ်မယ်လို့ သူက အော်ဟစ်ခဲ့ပြီး သူ့ကို ဒီမတ်တီယိုနဲ့ အက်ဒီနယူတန်တို့က မနည်းကို ဆွဲယူခဲ့ရပါတယ်၊ နောက်ဆုံးမှာတော့ ဒီအဖြစ်အပျက်အတွက် သူ ၃ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခ့ခဲ့ရပါတယ်"

"ဒါပေမယ့် ဒါက ဘာအဓိပ္ပာယ်မှမရှိပါဘူး၊ တကယ်ဆိုရင် FA က သူ့ကို ရာသီအကုန်ထိတောင်မှ ပွဲပယ်ခဲ့သင့်တာပါ၊ ဒီလောက်နဲ့မလုံလောက်ခဲ့ပါဘူး" လို့ ဆိုပါတယ်။ မီထရိုဗစ်ရဲ့ အဖြစ်အပျက်အတွက်လည်း ကလင်တန်ဘာ့ဂျ်က ဆွေးနွေးခဲ့ပြီး တခြားသူတွေကို ဥပမာပေးနိုင်ဖို့အတွက် ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်လို့ အကြံပေးခဲ့ပါတယ်။ 

"မီထရိုက မီခေးလ်လိုမျိုးတော့ အရမ်းကြီးဖြစ်မနေခဲ့ပါဘူး၊ ဒါပေမယ့် သူ ကွင်းလယ်ဒိုင်ကို ရုပ်ပိုင်းဆိုင်ရာအရတော့ ကျူးလွန်မိခဲ့တယ်၊ FA က သူ့ကို တခြားသူတွေ ဥပမာယူနိုင်အောင် အရေးယူနိုင်ပါတယ်၊ ဒိုင်လူကြိးတွေအပေါ် လေးစားမှုရှိဖို့ လိုအပ်ပါတယ်၊ အဲဒီလိုမှမဟုတ်ရင်တော့ သူတို့ဆီက နိမ့်ပါးတဲ့ စွမ်းဆောင်ရည်ကိုပဲ ရမှာပါ" လို့ ကလင်တန်ဘာ့ဂျ်က ပြောဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က