ပိုချက်တီနိုရဲ့ ဂျက်ကက်မှာလည်း ဒီရုပ်ရှင်ရဲ့ အမှတ်တံဆိပ်ကို တပ်ဆင်ထားခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ ဖူလ်ဟမ်တို့ရဲ့ ပွဲမှာ ပွဲကြည့်စင်ပေါ်က ပရိသတ်အချို့ရဲ့ ထူးထူးဆန်းဆန်း အမူအရာအချို့ကို မြင်တွေ့ခဲ့ကြရပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးက ပါးလ်မားရဲ့ တစ်လုံးတည်းသော ပင်နယ်တီသွင်းဂိုးနဲ့ ဖူလ်ဟမ်ကို အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။



ချဲလ်ဆီးအတွက်တော့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ နောက်ဆုံး (၃) ပွဲဆက်တိုက် နိုင်ပွဲရခဲ့တာပါ။ ဒါပေမယ့် ဒီပွဲကို ကွင်းအတွင်း လာရောက်ကြည့်ရှုခဲ့တဲ့ ပရိသတ်အချို့ကတော့ စာအုပ်ဖတ်ပြလိုက်၊ သွားတိုက်ပြလိုက်နဲ့ အားလုံးရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။
အဆိုပါပရိသတ် (၇) ​ယောက်ဟာ နည်းပြခုံတန်းရဲ့နောက်၊ မီဒီယာတွေ ရှိနေတဲ့နေရာ ကြားထဲမှာ အစိမ်ရောင်း ကုတ်အင်္ကျီတွေကို ဝတ်ဆင်ကာ ထိုင်နေခဲ့ပါတယ်။ ဒီလိုမျိုး ထိုင်နေရင်း ဒီ (၇)​ ယောက်က စာအုပ်ဖတ်နေခဲ့တာကိုလည်း ရုပ်သံကင်မရာတွေကတစ်ဆင့် မြင်တွေ့ခဲ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ ဒီ (၇) ယောက်က မတ်တပ်ထရပ်ကာ သွားတိုက်ပြခဲ့ပြီး ဒါက ပရိသတ်အားလုံးအတွက် အထူးအဆန်းဖြစ်ခဲ့ရပါတယ်။ ဒါဟာ စပိုင်ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ ‘Argylle” ကို ပရိုမိုးရှင်းဆင်းတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပြီး ဒီရုပ်ရှင်ကားကို ရိုက်ကူးခဲ့တဲ့ ထုတ်လုပ်ရေးကုမ္ပဏီကလည်း ချဲလ်ဆီးပိုင်ရှင် တော့ဒ်ဘိုလေ ရှယ်ယာပါဝင်ထားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

 
ဒီလိုမျိုး ချဲလ်ဆီးကွင်းထဲမှာ ပရိသတ်က သွားတိုက်နေခဲ့တာက ပထမဆုံးတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ (၂၀၀၉) ခုနှစ်၊ နိုဝင်ဘာအတွင်း ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့ ကစားခဲ့တဲ့ပွဲမှာ ချဲလ်ဆီးပရိသတ်တစ်ယောက်က မျက်မှန်အနက်ကို တပ်ဆင်ရင်း အခုလိုမျိုး သွားတိုက်နေခဲ့ပြီး ဒီလူ ဘာကြောင့် ဒီလိုမျိုး လုပ်ခဲ့တာလဲဆိုတာကိုတော့ အခုချိန်အထိ မသိရှိရသေးပါဘူး။

Share

Loading Next Article...
က္က