ကိုင်စီဒိုထွက်ရင် လူဝယ်ရမှာဆိုတာနဲ့ ပတ်သက်ပြီး ပြောသွားတာပါ။

ဘရိုက်တန်အသင်းရဲ့ နည်းပြဖြစ်တဲ့ ရောဘတ်တိုဒီဇာဘီကတော့ ချယ်လ်ဆီးက ခေါ်ယူဖို့ကြိုးစားနေတဲ့ သူ့ရဲ့ အသင်းကွင်းလယ်လူ ကိုင်စီဒိုရဲ့ အနာဂတ်နဲ့ပတ်သက်ပြီးတော့ ပြောဆိုခဲ့ရာမှာ ချယ်လ်ဆီးကို ဥရောပဝင်ခွင့်မရတဲ့ အသင်းဆိုပြီး ပါးပါးလေးပုတ်သွားခဲ့ပါတယ်။ ချယ်လ်ဆီးဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၁၂ နေရာသာ ရရှိခဲ့လို့ ပြည်တွင်းပွဲကိုသာ ကစားရဖို့ ရှိနေပါတယ်။ 

နည်းပြသစ်အဖြစ် ပိုချက်တီနီုကို ခန့်အပ်ထားပြီး ကစားသမားအများအပြားကို ပြန်လည်ရောင်းထုတ်ထားသလို လိုအပ်တဲ့နေရာတချို့အတွက်လည်း ချယ်လ်ဆီးက ကစားသမားသစ်တွေခေါ်ယူထားပါတယ်။ ဒါပေမယ့် ကွင်းလယ်ပိုင်းအတွက် အီကွေဒေါကွင်းလယ်လူ ကိုင်စီဒိုကို သူတို့က အဓိကပစ်မှတ်ထားကြိုးစားနေတာပါ။ 

ဒီဇာဘီက "အသင်းပိုင်ရှင်မပြောင်းမချင်း ကိုင်စီဒိုက ကျနော်တို့နဲ့အတူ ရှိနေမှာပါ၊ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကျနော်လည်းမသိဘူး၊ ဒါပေမယ့် ကိုင်စီဒိုအသင်းကထွက်ခွာခဲ့မယ်ဆိုရင်တော့ မှန်ကန်တဲ့အစားထိုးမှုကို ကျနော်တို့လုပ်ရမှာပါ"

"ကျနော်တို့ သူ့နေရာအတွက် အစားထိုးရမှာပါပဲ၊ ဘာလို့လဲဆိုတော့ ဒီရာသီမှာ ကျနော်တို့က ယူရိုပါလိဂ်ကစားရမှာပါ၊ ချယ်လ်ဆီးလိုမဟုတ်ပါဘူး" လို့ ပြောဆိုခဲ့ကြောင်း GOAL က ဖော်ပြခဲ့ပါတယ်။ ဒီလိုပြောဆိုမှုဟာ ချယ်လ်ဆီးပရိသတ်တွေအတွက်တော့ ဒေါသထွက်စရာကောင်းနေမှာ သေချာပါတယ်။ 

ချယ်လ်ဆီးဟာ ပြီးခဲ့တဲ့ရာသီက ပေါင်သန်း ၆၀၀ အထိ သုံးစွဲခဲ့ပေမယ့် အဆင့် ၁၂ နေရာသာ ရခဲ့ပြီး နည်းပြအပြောင်းအလဲတွေလည်း ၃ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က