ချဲလ်ဆီးနဲ့ပွဲမှာ ဖြစ်ပွားခဲ့တာပါ။

ယူနိုက်တက်တိုက်စစ်မှူး ဟို့ဂျ်လန်းဟာ ချဲလ်ဆီးကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အသင်းဖော် အန်တိုနီရဲ့ ကစားပုံကို စောဒကတက်ခဲ့ကြောင်း သိရှိရပါတယ်။ အန်တိုနီဟာ ဟို့ဂျ်လန်းကို ပေးသင့်တဲ့အလုံးတွေ မပေးဘဲ မျက်ကွယ်ပြုခဲ့တာပါ။



ဟို့ဂျ်လန်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ အတ္တလန်တာကနေ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့အနေနဲ့ အခုချိန်အထိ ပရီးမီးယားလိဂ်မှာ သွင်းဂိုးတစ်ဂိုးမှ မရရှိသေးပါဘူး။
ချန်ပီယံလိဂ်မှာ ဂိုးသွင်းခြေစွမ်းပျောက်နေသလောက် ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ ဟို့ဂျ်လန်းက အသင်းဖော်တွေဆီက လုံလောက်တဲ့ ပံ့ပိုးမှု မရရှိဘူးလို့ ယူဆထားပုံရပါတယ်။ ချဲလ်ဆီးနဲ့ပွဲမှာလည်း အန်တိုနီက အခွင့်အရေးနှစ်ကြိမ်လောက်ကို ဟို့ဂျ်လန်းဆီ မပေးပို့ဘဲ ဖြုန်းတီးပစ်ခဲ့ပါတယ်။
ပရိသတ်တွေကတော့ ဟို့ဂျ်လန်းဟာ အန်တိုနီရဲ့ ဘောလုံးပေးပို့ပုံတွေကို စိတ်ပျက်နေသလို အသင်းဖော်တွေရဲ့ ဆုံးဖြတ်ချက်တွေ အမှားအယွင်းများပြားနေတဲ့အပေါ်မှာလည်း အားမလိုအားမရဖြစ်နေတယ်လို့ ယုံကြည်နေပါတယ်။ ပရိသတ်တစ်ယောက်က “ဟို့ဂျ်လန်းအတွက် ပံ့ပိုးမှုတွေမရှိတာက အရမ်းအရမ်းကို ဆိုးရွားလွန်းပါတယ်။ ဘရူနိုက ဘောလုံးကို ဗုံးတစ်လုံးလို ကစားနေပါတယ်”
“အန်တိုနီက ရေတောင် ကျော်အောင် မပေးနိုင်ဘဲ ဂါနာချိုကလည်း ဘောလုံးရတာနဲ့ တစ်ချိန်လုံး ကန်နေတော့တာပါပဲ” “ဟို့ဂျ်လန်းက အန်တိုနီကြောင့် ပရီးမီးယားလိဂ်မှာ နှစ်ဂိုးလောက် ရသင့်ပါတယ်” လို့ အမျိုးမျိုး မှတ်ချက်ပြု ဝေဖန်ခဲ့ကြပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က