မနေ့ညက ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ မန်စီးတီးတို့ပွဲမှာ မန်စီးတီးတို့ အဖွင့်ဂိုးရရှိခဲ့တဲ့ ပင်နယ်တီဖြစ်ရပ်နဲ့ ပတ်သက်လို့ ပရိသတ်တွေက ဝေဖန်ပြစ်တင်နေကြပါတယ်။ ဒီပွဲက တစ်ဖက်လေးဂိုးစီသရေကျခဲ့တာဖြစ်ပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ ကြည့်ကောင်းခဲ့တာပါ။
အဖွင့်ဂိုးရရှိခဲ့တာကတော့ မန်စီးတီးဖြစ်ပြီး ပင်နယ်တီဧရိယာထဲမှာ ကူကူရယ်လာ ဟာလန်းကို ဆွဲလှဲခဲ့တာကြောင့် VAR ရဲ့ ဆုံးဖြတ်ချက်နဲ့ ပင်နယ်တီပေးခဲ့တာပါ။ ဒါပေမယ့် ဒီဖြစ်ရပ်မှာ ဟာလန်းက ကူကူရယ်လာကို အရင်ဆွဲခဲ့တယ်လို့ ပရိသတ်တွေက ယူဆနေပါတယ်။
ဖြတ်တင်ဘော မတက်လာခင်မှာ ဟာလန်းက ကူကူရယ်လာကို အရင်ဆုံး ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ ယူဆရပြီး ဟာလန်းက ကျော်ထွက်သွားတဲ့နောက် ကူကူရယ်လာက လှမ်းဆွဲလိုက်ချိန်မှာ ဟာလန်း လဲကျသွားခဲ့တာပါ။ အဲ့ဒါကြောင့်လည်း ပင်နယ်တီပေးခဲ့ရတာဖြစ်ပြီး ကာရေဂါကိုယ်တိုင်ကလည်း ဒါက ပင်နယ်တီမဟုတ်ကြောင်း သုံးသပ်ထားပါတယ်။
ကာရေဂါက “ဟာလန်းရဲ့ဖြစ်ရပ်မှာ ပင်နယ်တီပေးလိုက်တာက မမှန်ကန်ပါဘူး။ ဒါက မှားယွင်းတဲ့ ဆုံးဖြတ်ချက်ပါ” လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။ ပရိသတ်တွေကလည်း “ဟာလန်းက ကူကူရယ်လာကို အရင်ဆုံး ပြစ်ဒဏ်ကျူးလွန်ခဲ့တာ အရှင်းကြီးပါ။ ဒါက ဘယ်လိုဖြစ်ရတာလဲ”
“ဟာလန်းက ကူကူရယ်လာကို ဆွဲသလိုမျိုး ကူကူရယ်လာကလည်း ပြန်လုပ်ခဲ့တာပဲလေ။ ဒါက ဘာကြောင့် ပင်နယ်တီဖြစ်သွားရတာလဲ” လို့ ဝေဖန်ခဲ့ကြပါတယ်။ ဒါ့အပြင် ဒီပင်နယ်တီမဖြစ်ခင် ဒိုကူတစ်ယောက် ပြစ်ဒဏ်ကျူးလွန်သလိုမျိုးဖြစ်ခဲ့ပေမယ့်လည်း VAR က ဒါကို ပြစ်ဒဏ်ဘောအဖြစ် မယူဆခဲ့ပါဘူး။