ကလပ်နဲ့ နိုင်ငံအသင်းအတွက် ဂိုးပေါင်း ၈၀၀ ပြည့်ဖို့ ၁ ဂိုးသာလိုတော့တာပါ။

ဗီလာရီးရဲလ်နဲ့ပွဲမှာ တစ်ဂိုးသွင်းယူခဲ့တဲ့ ရော်နယ်ဒိုဟာ လက်ရှိမှာ ၇၉၉ ဂိုးအထိ ရရှိထားပြီးဖြစ်ကာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ၆ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ 


မနက်ဖြန်မှာ ကစားရမယ့် ချယ်လ်ဆီးနဲ့ပွဲမှာသာ ဂိုးသွင်းယူနိုင်ခဲ့မယ်ဆိုရင်တော့ ရော်နယ်ဒိုဟာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ဂိုးပေါင်း ၈၀၀ ပြည့်မြောက်သွင်းဂိုးကို ရရှိမှာဖြစ်ပါတယ်။ ဗီလာရီးရဲလ်နဲ့ပွဲမှာ တစ်ဂိုးသွင်းယူခဲ့တဲ့ ရော်နယ်ဒိုဟာ လက်ရှိမှာ ၇၉၉ ဂိုးအထိ ရရှိထားပြီးဖြစ်ကာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ၆ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ 



အိုးထရက်ဖို့ဒ်ကို အံ့အားသင့်ဖွယ်ရာ ပြန်လည်ရောက်ရှိလာပြီးနောက် သူက အသင်းအတွက် ၁၄ ပွဲကစားပေးထားပြီး ၁၀ ဂိုးအထိ သွင်းယူပေးထားပြီးဖြစ်ပါတယ်။ နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ထားပြီးဖြစ်တဲ့ ရော်နယ်ဒိုအတွက် ဒီစံချိန်က နောက်ထပ်မက်မောစရာတစ်ခုအဖြစ်ရှိနေမှာသေချာသလို သူကိုယ်တိုင်လည်း ရယူဖို့ ဆန္ဒပြင်းပြနေမှာက မေးခွန်းထုတ်စရာတောင်မလိုပါဘူး။ 

သူ သွင်းယူခဲ့တဲ့ဂိုးတွေကို ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင်တော့ ပွဲပေါင်း ၁၀၉၅ ပွဲကစားပေးထားပြီး ၇၉၉ ဂိုးအထိ ရရှိခဲ့ပါတယ်။ ဒီသွင်းဂိုးတွေမှာ ညာခြေနဲ့ ၅၀၈ ဂိုး၊ ခေါင်းတိုက်ဂိုး ၁၄၀ ဂိုး၊ ဘယ်ခြေနဲ့ ၁၄၉ ဂိုး၊ အခြား ၂ ဂိုးအထိ ပါဝင်ခဲ့ပါတယ်။ ပင်နယ်တီက ၁၄၁ ဂိုးပါဝင်ခဲ့ကာ တိုက်ရိုက်အလွတ်တည်ကန်ဘောကနေ ၅၇ ဂိုးရှိခဲ့ပြီး ဟက်ထရစ်က ၅၈ ကြိမ်အထိ ရှိခဲ့ပါတယ်။ 

ပွဲချိန်ပထမပိုင်းမှာ ၃၅၁ ဂိုး၊ ဒုတိယပိုင်းမှာ ၄၄၂ ဂိုး၊ အချိန်ပိုမှာ ၆ ဂီုးပါဝင်ခဲ့ပါတယ်။ ဧရိယာအတွင်းကေန ၆၈၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ဧရိယာပြင်ပကတော့ ၁၁၆ ဂိုးအထိ ရှိခဲ့ပါတယ်။ စတန်းဖို့ဒ်ဘရစ်ချ်မှာ ကစားရမယ့်ပွဲမှာ သူ ဂိုးသွင်းယူနိုင်မလားဆိုတာက စိတ်လှုပ်ရှားစရာကောင်းနေခဲ့ပြီး ကစားသမားဘ၀မှာ မှတ်တမ်းတစ်ခုရယူဖို့ နီးစပ်လာပြီဆိုရင် မရရအောင်အားထုတ်လေ့ရှိတဲ့ သူ့အလေ့အထကြောင့် ဂိုးသွင်းနိုင်မယ်လို့လည်း ပရိသတ်တွေက ယုံကြည်နေကြပါတယ်။ 


Share

က္က