ကွင်းထဲမဝင်ခင်ကတည်းက အဝါကတ်ထိသွားခဲ့တာပါ။

ဘရန့်ဖို့ဒ်တိုက်စစ်မှူး မော်ပေးဟာ မနေ့ညက ချဲလ်ဆီးကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ သွေးပူလေ့ကျင့်ခန်း လုပ်နေရင်းနဲ့ အဝါကတ်ပြသခံခဲ့ရကြောင်း သိရှိရပါတယ်။ ဒီပွဲမှာ အိမ်ရှင် ချဲလ်ဆီးတို့ ဘရန့်ဖို့ဒ်ကို ဖိကစားရင်းနဲ့ပဲ အိမ်ကွင်းမှာ အရေးနိမ့်သွားခဲ့တာပါ။



ဒီပွဲရဲ့ ဒုတိယပိုင်းမှာ ဘရန့်ဖို့ဒ်အတွက် ပင်နော့ခ်၊ အမ်ဘူမိုတို့က ဂိုးတွေ သွင်းယူခဲ့ကြပြီး ပိုချက်တီနိုနဲ့ ချဲလ်ဆီးအသင်းသားတွေအတွက် ဖိအားပိုမို များပြားစေခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ ကွင်းထဲမှာမရှိတဲ့ ကစားသမားက ထူးထူးဆန်းဆန်းဆိုသလိုပဲ အဝါကတ်ထိခဲ့ပါတယ်။


ဘရန့်ဖို့ဒ်တိုက်စစ်မှူး မော်ပေးဟာ လူစားဝင်ကစားခွင့်ရဖို့အတွက် ကွင်းဘေးမှာ သွေးပူလေ့ကျင့်ခန်း ဆင်းနေရင်း ချဲလ်ဆီးရဲ့ ပြစ်ဒဏ်ဘောကို ဝင်ရောက်နှောင့်ယှက်ခဲ့ပါတယ်။ ကွင်းဘေးစည်းမှာ ပါးလ်မား ကန်တင်ဖို့ တည်ထားတဲ့ ပြစ်ဒဏ်ဘောကို မော်ပေးက သွေးပူလေ့ကျင့်ခန်းဆင်းရင်း ခြေထောက်နဲ့ ဝင်ထိပြီး နှောင့်ယှက်ခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်ကြောင့်လည်း ကွင်းလယ်ဒိုင်က မော်ပေးကို အဝါကတ်ပြသခဲ့ပြီး ဒီအဝါကတ်က ချဲလ်ဆီးနဲ့ ဘရန့်ဖို့ဒ်တို့ပွဲအတွက် ပထမဆုံးသော အဝါကတ်လည်းဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အဝါကတ်ထိခဲ့တဲ့ မော်ပေးကလည်း ကွင်းထဲတောင် လူစားဝင်မကစားရသေးဘဲ အခုလိုမျိုး ထူးထူးဆန်းဆန်း အဝါကတ်ထိသွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် ပွဲကစားချိန် (၇၆) မိနစ်မှာတော့ မော်ပေးက ဘရန့်ဖို့ဒ်အတွက် လူစားဝင်ကစားပေးခဲ့ပြီး လက်ကျန်ပွဲကစားချိန်တွေမှာ နောက်ထပ် အဝါကတ်မထိအောင် သတိထားကစားခဲ့ရပါတယ်။ မော်ပေးဟာ ဘရိုက်တန်ကစားသမားဟောင်းတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီကမှ ဘရိုက်တန်ကနေ ဘရန့်ဖို့ဒ်ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာပါ။  

Share

Loading Next Article...
က္က