ချဲလ်ဆီးနဲ့အပြောင်းအရွှေ့အပေါ် ဒီလစ်ဂ်က မှတ်ချက်ပေးခဲ့တာပါ။

ဂျူဗင်တပ်စ်နောက်ခံလူ ဒီလစ်ဂ်ဟာ ချဲလ်ဆီးကိုပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် စကားလုံး (၇) လုံးနဲ့ တုံ့ပြန်လာခဲ့တယ်လို့ သိရှိရပါတယ်။ အဆိုပါ နယ်သာလန်လူမျိုးနောက်ခံလူအတွက် ချဲလ်ဆီးနဲ့ဂျူဗင်တပ်စ်ကြား ဆွေးနွေးမှုတွေရှိနေပါတယ်။



ဒါပေမယ့် အခုချိန်ထိ နှစ်သင်းကြားမှာရော၊ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရပါ သဘောတူညီမှုမရရှိသေးပါဘူး။ အသက် (၂၂) နှစ်အရွယ် ဒီလစ်ဂ်က လက်ရှိအချိန်မှာ ဂရိနိုင်ငံမှာ နွေရာသီအားလပ်ရက်အဖြစ် အပန်းဖြေအနားယူလျက်ရှိပါတယ်။ ဒီလိုမျိုးအချိန်မှာပဲ ချဲလ်ဆီးပရိသတ်တယောက်က ဒီလစ်ဂ်ကို ချဥ်းကပ်ပြီး ချဲလ်ဆီးကိုပြောင်းရွှေ့နိုင်ခြေနဲ့ ပတ်သက်လို့ မေးမြန်းခဲ့တာပါ။

ဒီအပေါ်မှာ ဒီလစ်ဂ်က “ကျနော် မသိပါဘူး။ စောင့်ကြည့်ကြတာပေါ့။ (I do not know, we will see!)” လို့ တုံ့ပြန်သွားခဲ့တာဖြစ်ပါတယ်။ နိုင်ငံခြားသတင်းဌာနတွေကတော့ ဒီလစ်ဂ်တယောက် ချဲလ်ဆီးနဲ့ အပြောင်းအရွှေ့သတင်းတွေအပေါ် စကားလုံး (၇) လုံးတည်းနဲ့ မှတ်ချက်ပေးခဲ့တယ်လို့ ဖော်ပြနေကြပါတယ်။

ချဲလ်ဆီးဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ခရစ္စတန်ဆန်၊ ရူဒီဂါတို့ကို လက်လွှတ်ထားရပြီး အက်ဇ်ပီလီကွီတာနဲ့ အလွန်ဆိုတို့ကလည်း အသင်းကနေ ဆက်လက်ထွက်ခွာဖို့ ရှိနေပါတယ်။ အဲ့ဒါကြောင့်လည်း ခံစစ်ကိုမဖြစ်မနေ အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေရတာဖြစ်ပါတယ်။

လက်ရှိယူနိုက်တက်နည်းပြတန်ဟက်ခ်နဲ့အတူ အေဂျက်စ်မှာ လက်တွဲခဲ့ဖူးတဲ့ ဒီကစားသမားအတွက် ချဲလ်ဆီးက ပြောင်းရွှေ့ကြေးအပြင် ကစားသမားအလိုက်ပေးကမ်းလှမ်းမှုတွေ ပြုလုပ်လိုနေတာပါ။ ချဲလ်ဆီးပိုင်ရှင် တော့ဒ်ဘိုလီဟာ တိုက်စစ်ပိုင်းက ခြေစွမ်းမပြနိုင်တဲ့ ကစားသမားတယောက်ကို ထည့်သွင်းအလိုက်ပေးဖို့ ပြင်ဆင်နေပြီး ဂျူဗင်တပ်စ်ကတော့ တီမိုဗာနာကို အဓိကအလိုရှိနေတယ်လို့လည်း သတင်းတွေက ဖော်ပြနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က