ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲကစားရမှာပါ။

ချယ်လ်ဆီးကစားသမားဟောင်းတဦးဖြစ်တဲ့ ပတ်နီဗင်က ရီးရဲလ်မက်ဒရစ်အနေနဲ့ ဘရန်ဖို့ဒ်နဲ့ပွဲက ချယ်လ်ဆီးခေစြွမ်းကိုကြည့်ပြီး ဆုံးဖြတ်မယ်ဆိုရင် နောင်တရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။ သောမတ်တူချယ်လ်ရဲ့အသင်းဟာ အိမ်ကွင်းမှာ ဘရန်ဖို့ဒ်ကို ၁-၄ နဲ့ အံ့အားသင့်ဖွယ်ရာ အရေးနိမ့်ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ပွဲအတွက် စိုးရိမ်စရာဖြစ်လာခဲ့ရပါတယ်။ 

လာမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှာ ရီးရဲလ်ကို လက်ခံကစားရမယ့် ချယ်လ်ဆီးရဲ့ အနီးစပ်ဆုံးခြေစွမ်းက စိတ်ပျက်စရာကောင်းနေခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း နီဗင်ကတော့ အဆိုပါပွဲမှာ ကွဲပြားခြားနားတဲ့ ချယ်လ်ဆိးကို မြင်တွေ့ရမယ်လို့ ယုံကြည်နေပြီး အန်ဆယ်လော့တီအနေနဲ့ ဘရန်ဖို့ဒ်နဲ့ပွဲက ရလဒ်အတိုင်း ဖြစ်လာဖို့ကို မျှော်လင့်မထားဖို့လည်း ပြောဆိုသွားခဲ့ပါတယ်။ 

"ဘရန့်ဖို့ဒ်နဲ့ပွဲကို ရီးရဲလ်မက်ဒရစ်တို့ကြည့်ပြီးတော့ တူညီတဲ့ရလဒ်ထွက်မယ်၊ စွမ်းဆောင်ရည်၊ စနစ်၊ အထူးသဖြင့် ကွင်းလယ်ပိုင်းကို မျှော်လင့်ထားတယ်ဆိုရင် သူတို့အကြီးအကျယ်စိတ်ပျက်ရပါလိမ့်ယမ်၊ စတန်းဖို့ဘရစ်ချ်မှာ တကယ်ကို ထူးခြားတဲ့ညတွေထဲက တညဖြစ်လာမယ်ဆိုတာကို ကျနော်အပြည့်အ၀ယုံကြည်ပါတယ်၊ ဒီပွဲက နောက်ဆယ်စုနှစ်တခုလောက်အထိ ပြောနေရမယ့် ပွဲတပွဲတောင်ဖြစ်လာနိုင်ပါတယ်" ပတ်နီဗင်က ပြောဆိုသတိပေးခဲ့ပါတယ်။ 

ရီးရဲလ်မက်ဒရစ်ကတော့ ဒီရာသီမှာ ခြေစွမ်းပြနေတဲ့အသင်းဖြစ်ပြီး လာလီဂါအမှတ်ပေးဇယားကို ဆွတ်ခူးဖို့ အခြေအနေကောင်းမွန်နေပါတယ်။ ပြီးခဲ့တဲ့အဆင့်မှာလည်း ပီအက်စ်ဂျီလိုအသင်းကို အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲကတော့ ပြီးခဲ့တဲ့ရာသီမှာ သူတို့ကို အနိုင်ယူခဲ့တဲ့ ချယ်လ်ဆီးကို ရီးရဲလ်က ပြန်လည်လက်စားချေရမယ့်ပွဲလည်းဖြစ်ပါတယ်။ 



Share

Loading Next Article...
က္က