ယခုနွေရာသီမှာ ရိုးမားကို စွန့်ခွာနိုင်တယ်ဆိုတဲ့ အရိပ်အယောင်ပြသခဲ့ပါတယ်။

ဟိုဆေး မော်ရင်ညိုဟာ ချဲလ်ဆီးအသင်းကို အံ့အားသင့်ဖွယ် ပြန်လည်ပြောင်းရွှေ့ဖို့ သတင်းထွက်ပေါ်ခဲ့ပြီးနောက် ယခုနွေရာသီမှာ ရိုးမားကို စွန့်ခွာနိုင်တယ်ဆိုတဲ့ အရိပ်အယောင်ပြသခဲ့ပါတယ်။

 

အသက် ၆၀ အရွယ် ပေါ်တူဂီလူမျိုးနည်းပြဟာ ရိုးမားအသင်းနဲ့ ပထမဆုံးရာသီမှာ ကွန်းဖရင့်လိဂ်ဖလားကို အနိင်ရရှိခဲ့သူဖြစ်ပြီး ယခုရာသီ စီးရီးအေအဆင့် ၅ နေရာမှာ အသင်းကို ရပ်တည်နိုင်အောင် ကူညီပေးထားသလို ယူရိုပါလိဂ်ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးထားတာဖြစ်ပါတယ်။

 

ချဲလ်ဆီးအသင်းဟာ တနင်္ဂနွေနေ့မှာ ဂရေဟမ် ပေါ့တားကို ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ် ရှာဖွေနေတာဖြစ်ပြီး ပရီးမီးယားလိဂ်ထိပ်တန်းကလပ်အသင်းရဲ့ တာဝန်ရှိသူတွေဟာ နည်းပြရာထူးအတွက် အနည်းဆုံး နည်းပြသစ်ဖြစ်လာနိုင်သူ ၅ ဦးအထိ အင်တာဗျူးသွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။

 

ချဲလ်ဆီးအသင်းက အင်တာဗျူးမယ့်အထဲမှာ စပါးစ်နည်းပြဟောင်း ပိုချက်တီနို၊ ဘာစီလိုနာနည်းပြဟောင်း လူးဝစ္စ အန်နရီကေး၊ ဘိုင်ယန်မြူးနစ်နည်းပြဟောင်း နာဂယ်စ်မန်းတို့လို နည်းပြတွေ ပါဝင်နေတာဖြစ်ပြီး ချဲလ်ဆီးပရိသတ်အချို့က နည်းပြဟောင်း မော်ရင်ညိုကို တတိယအကြိမ် ပြန်လည်ခန့်အပ်ဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

 

ပေါ်တူဂီလူမျိုးနည်းပြကလည်း ရိုးမားအသင်းနဲ့ အနာဂတ် မရေမရာဖြစ်နေတာနဲ့ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေတာဖြစ်ပြီး အနာဂတ်အကြောင်း မေးမြန်းခြင်းခံခဲ့ရချိန်မှာ မော်ရင်ညိုက “ကျွန်တော် သူငယ်ချင်းတွေ၊ ရဲဘော်ရဲဘက်တွေ၊ ဂျာနယ်လစ်တွေကို မပြောပါဘူး။ လွန်ခဲ့တဲ့လအနည်းငယ်တုန်းက ကျွန်တော်တို့ စီအီးအို ဘယ်ရာဒီက ကျွန်တော် ဆက်နေရလိမ့်မယ်ဆိုတာ သူ့ဘက်က သေချာတယ်လို့ ပြောခဲ့ရင် ဒါက သူ့ရဲ့ ရှင်းလင်းချက်ပါ။ ဒီအချိန်မှာ မစ္စတာ ဇက်ဇာရိုနီ(ဂျာနယ်လစ်)က သူပြောခဲ့တာကို ပြောခဲ့မယ်ဆိုရင် အဲဒါက သူ့ရဲ့ ရှင်းလင်းချက်ပါ။ ကျွန်တော် ဘယ်သူ့ကိုမှ စကားမပြောပါဘူး။ အခြေအနေက ရှင်းပါတယ်။ စာချုပ်ရှုထောင့်အရဆိုရင် ကျွန်တော် စာချုပ်သက်တမ်း ၁ နှစ်ကျန်သေးတယ်။ ဘောလုံးက ဘောလုံးပဲ။ တစ်ခါတလေ စာချုပ်တွေက အရေးအကြီးဆုံးအရာမဟုတ်ပါဘူး။ အားလုံး အဆင်ပြေတယ်။ အားလုံး အေးဆေးပဲ။ နောက်လာမယ့်ပွဲတစ်ပွဲက အမြဲတမ်း အရေးအပါဆုံးပွဲ ဖြစ်မှာပါ။”လို့ ပြောခဲ့ပါတယ်။

 

ဖေဖော်ဝါရီလတုန်းက ရိုးမား စီအီးအို ဘယ်ရာဒီက မော်ရင်ညိုအနေနဲ့ စာချုပ်သက်တမ်းကုန်တဲ့အထိ စီးရီးအေကလပ်အသင်းနဲ့အတူ ဆက်ရှိနေမယ်လို့ ခံစားခဲ့ရကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ “ကျွန်တော့် တစ်ဦးတည်းအမြင်အရတော့ မော်ရင်ညိုက လာမယ့်နှစ်မှာလည်း ရိုးမားနည်းပြအဖြစ် ရှိနေမယ်လို့ယုံကြည်ပါတယ်။ မော်ရင်ညိုနဲ့ ကျွန်တော်တို့ စာချုပ်သက်တမ်းက အလယ်လောက်မှာ ရှိနေပြီး ကျွန်တော်တို့နဲ့စာချုပ်ချုပ်ဆိုခဲ့တာ ၁ နှစ်ခွဲရှိပါပြီ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က