ဘောလုံးကို ဂိုးဘယ်ဖက်ထောင့်ထဲကို ဘယ်ခြေနဲ့ ဝေ့ဝိုက်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အန်တိုနီဟာ အင်္ဂါနေ့ညက ချာလ်တန်ကို အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ အလွန်ကောင်းမွန်တဲ့ ဘယ်ခြေနဲ့ ဝိုက်ကန်သွင်းပြီး မန်ချက်စတာယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာ ချာလ်တန်အသင်းနဲ့ ကာရာဘောင်းဖလား ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ပထမတန်းမှာ အဆင့် ၁၂ နေရာက ပြိုင်ဘက်တွေကို သက်တောင့်သက်သာနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်နည်းပြ တန်ဟက်က လာမယ့်စနေနေ့ မန်ချက်စတာဒါဘီအဖြစ် မန်စီးတီးနဲ့ ကစားရဖို့ရှိနေတာကြောင့် အသင်းကို အပြောင်းအလဲများအပြား ပြုလုပ်ခဲ့ပါတယ်။

တန်ဟက်ရဲ့ ပွဲထွက်ပါဝင်ကစားခွင့်ပေးခြင်းခံခဲ့ရတဲ့ ကစားသမားတစ်ဦးကတော့ ပြီးခဲ့တဲ့ နွေရာသီမှာ ပေါင် ၈၆ သန်းနဲ့ ပြောင်းရွှေ့လာပြီး မျှော်မှန်းချက်တွေအတိုင်း အပြည့်အဝ မစွမ်းဆောင်ပြနိုင်သေးတဲ့ အန်တိုနီ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမားဟာ ဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရပြီး မကြာသေးမီကမှ ကွင်းပြင်ပ ပြဿနာတစ်ခုကြောင့် ဘုန်းမောက်ကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ အင်္ဂါနေ့ပွဲစဉ်ကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

အန်တိုနီဟာ အဲဗာတန်ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ သောကြာနေ့ပွဲစဉ်မှာ အားမသန်တဲ့ ညာခြေနဲ့ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး အင်္ဂါနေ့ညနေမှာတော့ ဘယ်ခြေနဲ့အတူ အလွန်လှပသေသပ်တဲ့ ဂိုးကန်သွင်းမှုကို ပြုလုပ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဖရက်ဒ်က တောင်ပံက အန်တိုနီဆီကို ဘောလုံးပေးပို့ခဲ့ပြီး ဘရာဇီးလ်တောင်ပံကစားသမားဟာ ဘောလုံးကို ထိတွေ့မှုအနည်းငယ်ပြုလုပ်ရင်း အခြေအနေကို အကဲခတ်ပြီးနောက် ဘောလုံးကို ဂိုးဘယ်ဖက်ထောင့်ထဲကို ဘယ်ခြေနဲ့ ဝေ့ဝိုက်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

လူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ အန်တိုနီရဲ့ အလွန်လှပတဲ့ ဂိုးကန်သွင်းချက်ကို တုံ့ပြန်ခဲ့ကြပြီး "အာယန် ရော်ဘင်လိုမျိုးပဲ ဝေ့ဝိုက်ကန်သွင်းယူသွားတယ်။ ဒီလူကတော့ သူ့ရဲ့ အလားအလာကို သိရှိနေပြီ"လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး "သူ့ကို ကွင်းထဲကနေ ထုတ်ဖို့ တောင်းဆိုနေတဲ့လူတွေက ဘောလုံးဗဟုသုတ တစ်စက်မှ မရှိတဲ့သူတွေပဲ"လို့ နောက်ထပ် ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က