အံ့အားသင့်စရာပုံစံကောင်းကို ပြသနေတာပါ။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးချုပိုမိုတင်းဟာ အင်တာမီလန်နဲ့ပွဲမှာ အနိုင်ဂိုးတဂိုးသွင်းယူပေးခဲ့ပြီးနောက် နောက်ဆုံး ၆ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ပြိဖြစ်ပါတယ်။ သူ့ရဲ့ ကစားသမားဘ၀မှာ ၃ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်တဲ့ မှတ်တမ်းမျိုးမရှိခဲ့ပေမယ့် ဒီရာသီမှာတော့ ချူပိုမိုတင်းက ထင်မှတ်မထားဘဲ ဘိုင်ယန်မြူးနစ်အတွက် ခြေစွမ်းပြနေကာ လီဝန်ဒ​ေါစကီးနေရာကို သူ အစားထိုးနိုင်တယ်ဆိုတာကို သက်သေပြနေတယ်လို့ ပရိသတ်တွေက ချီးကျူးနေကြပါတယ်။ 

နိုင်ဂျီရီးယားတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့လလယ်ပိုင်းက ဖရိုင်းဘတ်နဲ့ကစားခဲ့တဲ့ပွဲကစပြီး ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဘွန်ဒက်လီဂါမှာလည်း ဂိုးတွေဆက်တိုက်သွင်းနိုင်ခဲ့သလို ချန်ပီယံလိဂ်နောက်ဆုံး ၄ ပွဲမှာလည်း ၃ပွဲအထိ ဂိုးသွင်းနိုင်ခဲ့ကာ ဒီရာသိပြိုင်ပွဲစုံသွင်းဂိုး ၈ ဂိုးအထိရရှိခဲ့ပြိး ဖန်တီးမှု ၃ ကြိမ်အထိလည်း ရရှိထားခဲ့ပြီဖြစ်ပါတယ်။ 


အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးက ထင်မှတ်မထားဘဲ ခြေစွမ်းပြသနေခဲ့တာဖြစ်ပြီး လီဝန်ဒေါစကီးမရှိတော့လို့ အားနည်းသွားတဲ့ တိုက်စစ်ပိုင်းအတွက် အားကိုးနေရတာဖြစ်ပါတယ်။ ဘိုင်ယန်က ဆာဒီယိုမာနေးကို ခေါ်ယူထားခဲ့ပေမယ့်လည်း သူတို့အတွက်အပိုဆုအဖြစ် အရန်တိုက်စစ်မှူးချူပိုမိုတင်းက ခြေစွမ်းပြနေလို့ ကျေနပ်စရာကောင်းနေခဲ့ပါတယ်။ 

ချူပိုမိုတင်းက အင်တာမီလန်နဲ့ပွဲမှာ အကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။ သူ့ရဲ့ ကစားသမားဘ၀တလျှောက် တရာသီကို ၁၁ ဂိုးထက် ပိုမသွင်းနိုင်ခဲ့တဲ့ ချူပိုမိုတင်းက ဒီရာသီအစောပိုင်းမှာ ၈ ဂိုးအထိ ရရှိထားပြီဖြစ်လို့ သူ့ရဲ့သွင်းဂိုးစံချိန်ကို သူကိုယ်တိုင် ပြန်လည်ကျော်ဖြတ်နိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။ 

ဒီရာသီမှာ မာနေးက ဘိုင်ယန်အတွက် ၁၁ ဂိုးအထိသွင်းယူထားကာ ဂိုးသွင်းအများဆုံးကစားသမားဖြစ်နေပြီး ချူပိုမိုတင်းထက် ၃ ဂိုးအသာရထားတာပါ။ ဒါပေမယ့် သူက မိနစ်ပေါင်း ၉၀၀ ကျော်ပိုကစားပေးထားဖြစ်လို့ ချူပိုမိုတင်းရဲ့ ဂိုးသွင်းအားက မာနေးထက်တောင်မှ ပိုကောင်းနေတာကို တွေ့ရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က