အာဆင်နယ်လည်း ယူနိုက်တက်နည်းတူ ခြေစမ်းပွဲတွေမှာ နိုင်ပွဲဆက်နေတာပါ။

ဒီကနေ့ မနက်မှာ ကစားသွားတဲ့ ရာသီကြိုခြေစမ်းပွဲတွေမှာ အာဆင်နယ်က ထုံးစံမပျက် အနိုင်ရလဒ်ရယူသွားခဲ့ပါတယ်။ အော်လန်ဒိုစီးတီးနဲ့ ကစားခဲ့တဲ့ ဒီပွဲမှာ အာဆင်နယ်က မာတီနယ်လီ၊ အန်ကီတီယာ၊ နယ်လ်ဆင်တို့ရဲ့ဂိုးတွေနဲ့အတူ ၁-၃ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာပါ။



ဒီပွဲမှာ အာဆင်နယ်က အရံလို့ပြောရမယ့် ကစားသမားအများစုနဲ့ ပွဲထွက်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဂျီးဆပ်စ်၊ ဘန်ဝှိုက်၊ အိုဒီဂတ်၊ ဆာလီဘာ၊ ပါတေး၊ ချာကာ၊ ဆာကာ၊ ဘယ်လာရင်တို့ လူစားဝင်ကစားခဲ့ပါတယ်။ ပထမပိုင်း ပွဲစလို့ ပွဲကစားချိန် (၄) မိနစ်မှာတင် မာတီနယ်လီက အာဆင်နယ်အတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် အော်လန်ဒိုစီးတီးရဲ့ချေပဂိုးကြောင့် ပထမပိုင်းမှာ တဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အန်ကီတီယာ၊ နယ်လ်ဆင်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အာဆင်နယ်တို့ အနိုင်ဂိုးတွေရရှိခဲ့ပြီး ပွဲအပြီးမှာ ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ အာဆင်နယ်ဟာလည်း ပရီးမီးယားလိဂ်ပြိုင်ဘက် ယူနိုက်တက်နည်းတူ ခြေစမ်းပွဲတွေမှာ ဂိုးပြတ်နိုင်ပွဲတွေရရှိထားပါတယ်။

နုရင်ဘတ်၊ အဲဗာတန်နဲ့ အခု အော်လန်ဒိုစီးတီးတို့ကို ဂိုးပြတ်တွေချည်း ရာနှုန်းပြည့် နိုင်ပွဲရရှိထားတာပါ။ ဒါ့အပြင် အစ်ဆွစ်ချ်နဲ့ တံခါးပိတ်ခြေစမ်းပွဲမှာလည်း ဂိုးပြတ်နိုင်ပွဲရထားပါသေးတယ်။ ချဲလ်ဆီးကတော့ ရှားလော့ကို တဂိုးစီသရေသာ ကစားနိုင်ခဲ့ပါတယ်။ ပူလီဆစ်က ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့ပေမယ့် ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ပေးလိုက်ရတဲ့ ပင်နယ်တီကြောင့် ချဲလ်ဆီးတို့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။

ဒါပေမယ့် ပင်နယ်တီမှာ ချဲလ်ဆီးတို့ ၅-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ မန်စီးတီးကလည်း ကလပ်အမေရိကကို ဒီဘရိုင်းရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါဟာ လက်ရှိနွေရာသီမှာ မန်စီးတီးအတွက် ပထမဆုံးသော ရာသီကြိုခြေစမ်းပွဲဖြစ်ခဲ့ပြီး တိုက်စစ်မှူးသစ် အယ်လ်ဗာရက်ဇ် ပွဲထွက်ကစားခဲ့ပေမယ့် ဟာလန်းကတော့ ပါဝင်ကစားခွင့်မရခဲ့ပါဘူး။ 

Share

Loading Next Article...
က္က