မနေ့ညက ကစားခဲ့တဲ့ ရိုဆင်ဘော့နဲ့ ယူနိုက်တက်တို့ရဲ့ ရာသီကြိုခြေစမ်းပွဲမှာ ယူနိုက်တက်တို့ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့အပြင် ပြိုင်ဘက်ရဲ့ ကြမ်းတမ်းတဲ့ ကစားပုံကို ယူနိုက်တက်ပရိသတ်တွေက ဒေါသပေါက်ကွဲနေကြပါတယ်။ ယူနိုက်တက်အတွက်ကတော့ ဒီပွဲက လက်ရှိနွေမှာ ပထမဆုံး ခြေစမ်းပွဲပါ။
ဒါပေမယ့် အသင်းရဲ့ ကစားပုံက အားရစရာမရှိခဲ့တဲ့အပြင် နောက်ဆုံးမိနစ်မှာ ပေးလိုက်ရတဲ့ တစ်လုံးတည်းသော သွင်းဂိုးကြောင့်လည်း ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါ့အပြင် ဒီပွဲမှာ ယူနိုက်တက် ကစားသမားတွေက ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ကက်စ်မဲရိုးဆိုရင် ကံကောင်းလို့ ဒဏ်ရာမရခဲ့တာပါ။
ပြိုင်ဘက်ကစားသမား နမ်ဆစ်က ကက်စ်မဲရိုးရဲ့ ညို့သကျည်းရိုးကို တည့်တည့်နင်းမိခဲ့တာဖြစ်ပြီး ကက်စ်မဲရိုးကတော့ ဆေးကုသမှု ခံယူပြီး ဆက်ကစားခဲ့ရပါတယ်။ နမ်ဆစ်ကလည်း ကံကောင်းထောက်မစွာနဲ့ပဲ အဝါကတ်ပြသခံခဲ့ရပါတယ်။
နမ်ဆစ်ရဲ့ ကစားပုံက အခန့်မသင့်ရင် ကက်စ်မဲရိုး ခြေထောက်ကျိုးသွားနိုင်တဲ့ အနေအထားဖြစ်တာကြောင့် ယူနိုက်တက်ပရိသတ်တွေက အနီကတ်ပြသင့်တယ်လို့ ဒေါသထွက်နေကြတာပါ။ ဒါ့အပြင် မေဆင်မောင့်ကိုလည်း ရိုဆင်ဘော့ ကစားသမားတွေက ကစားပုံကြမ်းတမ်းခဲ့ကြပြီး နမ်ဆစ်ရဲ့ဖြစ်ရပ်မှာလည်း ခြေစမ်းပွဲဖြစ်နေတာကြောင့် အဝါကတ်နဲ့ ပြီးသွားတာလို့ ပရိသတ်တွေက ဆိုနေကြပါတယ်။