ကွင်းပိတ်ခြေစမ်းပွဲမှာ ရှုံးနိမ့်ခဲ့တာပါ။

လီဗာပူးကတော့ လိဂ်ချန်ပီယံရှစ်ကလပ် ပရက်စတန်နဲ့ ကစားခဲ့တဲ့ ကွင်းပိတ်ခြေစမ်းပွဲမှာ ၀-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ကြောင်း သိရှိရပါတယ်။ ဒီပွဲကို လီဗာပူးရဲ့ လေ့ကျင့်ရေးကွင်းမှာသာ ကစားခဲ့တာဖြစ်ပြီး ပရိသတ်တွေ ဝင်ရောက်ကြည့်ရှုခွင့် မရှိခဲ့ပါဘူး။



ပရက်စတန်က သူတို့ရဲ့ ဆိုရှယ်မီဒီယာကတစ်ဆင့် လီဗာပူးကို ၀-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ကြောင်း၊ ဒီပွဲမှာ ဘရက်ဒီက ပရက်စတန်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ကိုက် (၄၀) အကွာကနေ ကန်သွင်းယူခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

လီဗာပူးအတွက်တော့ အာနေးစလော့ရဲ့ ပထမဆုံးခြေစမ်းပွဲဖြစ်ခဲ့ပြီး ဒီပွဲမှာ ဆာလာ၊ ဆိုဘို့ဇလိုင်း၊ ကွန်ဆာချ်၊ ဆီမီကတ်စ်၊ ကာတစ်ဂျုံးစ်၊ အီလီယော့၊ ကာဗယ်လ်ဟို၊ အန်ဒိုတို့ ပါဝင်ကစားခဲ့ကြောင်း သတင်းတွေက ဆိုပါတယ်။

စလော့ဟာ ဒီပွဲအတွက် ကစားသမား (၂၅) ယောက်အထိ အသုံးပြုခဲ့ပြီး ဆာလာက ပထမပိုင်းမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တာပါ။ ပရက်စတန်ဟာ လာမယ့် သြဂုတ်လ (၉) ရက်နေ့မှာ ရာသီသစ်ကို စတင်ရတော့မှာဖြစ်ပြီး လီဗာပူးပရိသတ်တွေကတော့ သူတို့အသင်းအတွက် စိုးရိမ်မကင်းဖြစ်နေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က