ပွဲအပြီးမှာ ထုတ်ဖော်ချီးကျူးသွားခဲ့တာပါ။

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်က ဘော့စနီးယားကို သုံးဂိုးပြတ်နဲ့ နိုင်ခဲ့တဲ့ပွဲက အသင်းက ကစားသမားလေးယောက်ရဲ့ ခြေစွမ်းကို ချီးကျူးသွားခဲ့ပါတယ်။ ဒီပွဲမှာ အင်္ဂလန်အတွက် ကိုးလ်ပါးလ်မား၊ အာနိုးလ်နဲ့ ဟယ်ရီကိန်းတို့က အသီးသီး ဂိုးသွင်းပေးခဲ့တာပါ။



ပထမပိုင်းမှာ ရရှိခဲ့တဲ့ ပင်နယ်တီကို ပါးလ်မားက အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပါတယ်။ အဲ့ဒီနောက် အာနိုးလ်က ထောင့်ဖြတ်အနေအထားကတစ်ဆင့် လှလှပပနဲ့ ဒုတိယဂိုးသွင်းယူပေးခဲ့ပါတယ်။

အင်္ဂလန်အတွက် ပွဲသိမ်းဂိုးကိုတော့ လူစားဝင်တိုက်စစ်မှူး ဟယ်ရီကိန်းက ရှုပ်ယှက်ခတ်နေတဲ့ကြားထဲကနေ သွင်းယူပေးခဲ့တာပါ။ ဒီပွဲမှာ အင်္ဂလန်အတွက် အီဇီ၊ ဝှါတန်တို့လို ကစားသမားတွေလည်း ပါဝင်ခဲ့ပြီး အင်္ဂလန်အတွက် ခြေစွမ်းပြခဲ့ပါတယ်။

ပွဲအပြီးမှာ ဆောက်ဂိတ်က အသင်းအတွက် အဖွင့်ဂိုးသွင်းခဲ့တဲ့ ကိုးလ်ပါးလ်မား၊ ဂယ်လာဂါ၊ အီဇီနဲ့ ဝှါတန်တို့ကို ချီးကျူးပြောကြားခဲ့ပါတယ်။ အီဇီဟာ ပြီးခဲ့တဲ့ရာသီကလည်း ခရစ္စတယ်ပဲလေ့စ်မှာ အကောင်းဆုံး ခြေစွမ်းပြခဲ့တဲ့ ကစားသမားဖြစ်ပြီး သူ့ကို ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ရွေးချယ်သွားဖို့ တိုက်တွန်းမှုတွေရှိနေပါတယ်။

အင်္ဂလန်ဟာ လာမယ့် ဇွန်လ (၁၆) ရက်နေ့မှာ ယူရိုအုပ်စုအဖွင့်ပွဲအဖြစ် ဆာဘီးယားနဲ့ ကစားရတော့မှာပါ။ အင်္ဂလန်ဟာ အုပ်စု (ဂ) မှာ ဆလိုဗေးနီးယား၊ ဆာဘီးယား၊ ဒိန်းမတ်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က